Ch.76 : Heated discussion

13.8K 1.5K 167
                                    


ခေါင်းစဉ်  : ဘာကြောင့်မို့ အရမ်းကိုချမ်းသာကြွယ်ဝတဲ့ လူပျိုလူလွတ် သူဌေးတစ်ယောက်က Tang Feng ကို ရွေးချယ်ခဲ့လိုက်ရတာလဲ !

အကြောင်းအရာ : ဘာကြောင့်မို့ အရမ်းကို ချမ်းသာကြွယ်ဝတဲ့ လူပျိုလူလွတ် သူဌေးတစ်ယောက်က Tang Feng ကို ရွေးချယ့်ခဲ့လိုက်ရတာလဲ.! Feng Xiu Jie က Tang Feng နဲ့ယှဉ်ရင် အစစအရာရာ ပိုမိုသာလွန်တယ် ။ အဲ့ဒီ ချမ်းသာတဲ့လူတွေရဲ့ အတွေးက ဘယ်လိုတွေဆိုတာ ကျွန်တော်တော့ စဉ်းစားလို့ကိုမရတော့ဘူး ။ Tang Feng ဆိုတာ အနုပညာလောကထဲမှာ တတိယတန်းစားအဆင့်လောက်ပဲ ရှိတဲ့သူ ။ ပေါ်ပြူလာ ဖြစ်ဖို့ဆိုတာ ဝေလာဝေး ။ သူလုပ်နိုင်တာက သူ့ရဲ့ခါးပတ်အောက်က ဖွားဖက်တော်တစ်ခုကို အသုံးချပြီး ထောင်ဖမ်းဖို့ပဲ အရည်အချည်းရှိတဲ့ လူစားမျိုး ။ ကြည့်ရတာ ဒီကောင် ထုတ်လုပ်ရေးအဖွဲ့ထဲက လူကြီးတစ်ယောက်ယောက်ကို ခန္ဓာကိုယ် ထိုးကျွေးပြီး လာဘ်ထိုးထားတဲ့ပုံပဲ ။

Reply 1 : Charles ဘာလို့ Tang Feng ကို ရွေးချယ်ခဲ့လိုက်တာလဲဆိုတာ စကားတွေ ရှည်ရှည်ဝေးဝေး ရှင်းပြနေဖို့မလိုဘူး ။ True Star Training Class ရဲ့ first episode ကိုသာ မင်းကြည့်ဖူးခဲ့မယ်ဆိုရင် Tang Feng ဘယ်လောက်တောင် ယဉ်ကျေးသိမ်မွေ့ပြီး လက်ဖျားခါလောက်အောင် နူတ်ရေးကြွယ်ဝတယ်ဆိုတာ မင်းသိသွားလိမ့်မယ် ။ ကတဲ့အချိန်မှာ သူ့လောက် ဆွဲဆောင်အားကောင်းတဲ့ အမျိုးသားမျိုး ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး ။

Reply 2 : HaHaHa! မင်းတို့ကောင်တွေ တော်တော်လေးကို ရယ်စရာကောင်းတာပဲ ။ Feng Xiu Jie နောက်ဆုံးအပိုင်းထိ ကျန်နေပြီး အရွေးခံရမယ့်သူပဲဆိုပြီး အတွင်းသတင်း ပလူပျံအောင် ထွက်လာခဲ့တဲ့ အချိန်တုန်းကကျတော့ မင်းတို့ကောင်တွေ ပါးစပ်ကနေ မတရားဘူး ဘာဘူးဆိုပြီး ဘာစကားတစ်လုံးမှ မထွက်လာခဲ့ဘူး ။ အခု first episode မှာတင် အထုတ်ခံလိုက်ရတဲ့အချိန်ကျတော့မှ ထုတ်လုပ်ရေးအဖွဲ့က လာဘ်ယူထားတယ်ဆိုပြီး ပြောတယ် ။ ဟုတ်လား ? ဒီလိုတိုင်းသိပြည်သိ အစီအစဉ်ကြီးတစ်ခုကို ရိုက်ကူးထုတ်လုပ်နေတဲ့ ထုတ်လုပ်ရေးအဖွဲ့က ဘာမဟုတ်တဲ့ လာဘ်ထိုးတာလေးနဲ့ ရလဒ်ကိုပြောင်းအောင် လုပ်ပစ်မယ်ထင်နေလား ? Charles လိုမျိုး ကျိကျိတက်ကြွယ်ဝပြီး ဝိုင်းဝိုင်းလည်နေတဲ့လူမျိုးကိုကော ဒီမဖြစ်စလောက် ငွေကြေးလေးနဲ့ ဆွဲဆောင်လို့ရမယ်လို့ထင်နေရလောက်အောင် မင်ရူးနေပြီလား ?

True Star (Myanmar Translation )Where stories live. Discover now