Part_1

1.6K 84 11
                                    


                         *BitterSweet*

ဝေဟင်ပေါ်သို့ ပျံ့သန်းနေသော လေယာဉ်တစ်ဆင်းပေါ်မှာ ခရီးသည်များစွာ ဟာ သူတို့ရဲ့ အသက်ကို လေယာဉ်မှူးဆီ ယုံကြည်စွာ အပ်နှံ့ကာ ငြိမ့်ငြောင်းစွာဖြင့် လိုက်ပါစီးဆင်းလာကြတယ်..။
တချို့မှာ..အလုပ်ကိစ္စကြောင့် ပြည်မကြီးမှ ထွက်ခွာကြသူများဖြစ်ကြပြီး..တချို့မှာ နေရပ်ဌာနေကို ပြန်ကြသူများဖြစ်ကြတယ်..။
သို့သော်လည်း အားလုံးဟာ ခရီးလမ်းတစ်ခုထဲကို ဦးတည်ကြသူများသာ..။
ဤခရီးတွင် အလုပ်ကိစ္စကြောင့် ခရီးထွက်ခွာသည့် ပိုင်ပေါ့ရှန်လည်း ပါဝင်တယ်။

"Mr. ဘာများသုံးဆောင်မလဲရှင့် "

အစားအသောက် အပြည့်တင်လာသော လှည်းဘီးငယ်ကို တွန်းကာ မေးလာသော ခပ်ချောချော လေယာဉ်မယ်တစ်ယောက်က စာရွက်အပေါ်သို့သာ အကြည့်ရောက်နေသော ပေါ့ရှန်ကို မေးတယ်။

"Mr. "

"အာ..ကျွန်တော်မကြားမိလိုက်လို့ ဆောရီးပါ
ဘလပ်ခ် ကော်ဖီ(black coffe)လေး ရနိုင်မလား"

လက်ချောင်းသွယ်သွယ်တို့ဖြင့်..စာရွက်ကို ပိတ်လိုက်ရင်း.. တောက်ပသောအပြုံးတစ်ခုနဲ့ ပေါ့ရှန် ပြောလိုက်တယ်။
သူ့အပြုံးဟာ ဆောင်းတွင်း အေးစက်ချိန်မှာ ကျရောက်လာတဲ့ နူးညံ့တဲ့ နေရောင်ခြည်လိုပဲ နွေးထွေးသည်။

"ရပါတယ် Mr...
ဒီမှာ သောက်သုံးနိုင်ပါပြီ..
ဒါနဲ့ လေယာဉ်ပေါ်က ဆင်းရင် Mr. နဲ့နောက်တစ်ခေါက် တွေ့လို့ရနိုင်မလား "

အပြုံးချိုချိုနဲ့ လှပသော အမျိုးသမီးငယ်က ပေါ့ရှန်ကို မိန်းမတို့ရဲ့ မာယာကျော့ကွင်းထဲ ပစ်သွင်းတယ်။

"စိတ်တော့မရှိပါနဲ့ ကျွန်တော် အလုပ်ကိစ္စနဲ့ လာရတာမို့်လို့ Miss ကို အချိန်ပေးနိုင်မယ် မထင်ဘူး "

"အိုခေ..ဒါဆိုလည်း အလုပ်ကိစ္စတွေ အဆင်ပြေ ချောမွေ့ပါစေနော် Mr . "

မကြည်လင်သော မျက်နှာနှင့် ထွက်သွားသော အမျိုးသမီးငယ်ကို ကြည့်ပြီး ပေါ့ရှန် သက်ပြင်းချမိတယ်။..မိန်းမတွေဟာ တကယ်ကို မလွယ်ပါဟုလည်း ပေါ့ရှန် သုံးသပ်မိတယ်..။
စာရွက်ပုံထဲ ခေါင်းပြန်နှစ်တော့...လေယာဉ်ဝန်းကျင် တစ်ခုဟာ တိတ်ဆိတ်လို့နေတယ်။

 BitterSweetWhere stories live. Discover now