*BitterSweet*ဝေဟင်ပေါ်သို့ ပျံ့သန်းနေသော လေယာဉ်တစ်ဆင်းပေါ်မှာ ခရီးသည်များစွာ ဟာ သူတို့ရဲ့ အသက်ကို လေယာဉ်မှူးဆီ ယုံကြည်စွာ အပ်နှံ့ကာ ငြိမ့်ငြောင်းစွာဖြင့် လိုက်ပါစီးဆင်းလာကြတယ်..။
တချို့မှာ..အလုပ်ကိစ္စကြောင့် ပြည်မကြီးမှ ထွက်ခွာကြသူများဖြစ်ကြပြီး..တချို့မှာ နေရပ်ဌာနေကို ပြန်ကြသူများဖြစ်ကြတယ်..။
သို့သော်လည်း အားလုံးဟာ ခရီးလမ်းတစ်ခုထဲကို ဦးတည်ကြသူများသာ..။
ဤခရီးတွင် အလုပ်ကိစ္စကြောင့် ခရီးထွက်ခွာသည့် ပိုင်ပေါ့ရှန်လည်း ပါဝင်တယ်။"Mr. ဘာများသုံးဆောင်မလဲရှင့် "
အစားအသောက် အပြည့်တင်လာသော လှည်းဘီးငယ်ကို တွန်းကာ မေးလာသော ခပ်ချောချော လေယာဉ်မယ်တစ်ယောက်က စာရွက်အပေါ်သို့သာ အကြည့်ရောက်နေသော ပေါ့ရှန်ကို မေးတယ်။
"Mr. "
"အာ..ကျွန်တော်မကြားမိလိုက်လို့ ဆောရီးပါ
ဘလပ်ခ် ကော်ဖီ(black coffe)လေး ရနိုင်မလား"လက်ချောင်းသွယ်သွယ်တို့ဖြင့်..စာရွက်ကို ပိတ်လိုက်ရင်း.. တောက်ပသောအပြုံးတစ်ခုနဲ့ ပေါ့ရှန် ပြောလိုက်တယ်။
သူ့အပြုံးဟာ ဆောင်းတွင်း အေးစက်ချိန်မှာ ကျရောက်လာတဲ့ နူးညံ့တဲ့ နေရောင်ခြည်လိုပဲ နွေးထွေးသည်။"ရပါတယ် Mr...
ဒီမှာ သောက်သုံးနိုင်ပါပြီ..
ဒါနဲ့ လေယာဉ်ပေါ်က ဆင်းရင် Mr. နဲ့နောက်တစ်ခေါက် တွေ့လို့ရနိုင်မလား "အပြုံးချိုချိုနဲ့ လှပသော အမျိုးသမီးငယ်က ပေါ့ရှန်ကို မိန်းမတို့ရဲ့ မာယာကျော့ကွင်းထဲ ပစ်သွင်းတယ်။
"စိတ်တော့မရှိပါနဲ့ ကျွန်တော် အလုပ်ကိစ္စနဲ့ လာရတာမို့်လို့ Miss ကို အချိန်ပေးနိုင်မယ် မထင်ဘူး "
"အိုခေ..ဒါဆိုလည်း အလုပ်ကိစ္စတွေ အဆင်ပြေ ချောမွေ့ပါစေနော် Mr . "
မကြည်လင်သော မျက်နှာနှင့် ထွက်သွားသော အမျိုးသမီးငယ်ကို ကြည့်ပြီး ပေါ့ရှန် သက်ပြင်းချမိတယ်။..မိန်းမတွေဟာ တကယ်ကို မလွယ်ပါဟုလည်း ပေါ့ရှန် သုံးသပ်မိတယ်..။
စာရွက်ပုံထဲ ခေါင်းပြန်နှစ်တော့...လေယာဉ်ဝန်းကျင် တစ်ခုဟာ တိတ်ဆိတ်လို့နေတယ်။