》》》》》 2017,September
'..huu..'
ကျိန်းစပ်နေသော မျက်လုံးများကို လက်တဖက်နှင့် ပွတ်နေမိသည်။ မျက်ခမ်းစပ် အောက်ဖျားတွေလည်း စူးပြီး ပူလောင်နေသည်လေ..
ခြေလှမ်းမပျက်အောင် သူ မနည်းထိန်းလျှောက်နေရတာရယ်..
ဖြေးဖြေးစီသာ ရွေ့နေသော ရှူးဖိနပ်တို့ကို ငုံ့ကြည့်မိတော့ မိုက်ခနဲဖြစ်သွားတာကြောင့် ခေါင်းကို အမြန်ပြန်မတ်လိုက်ရသည်။'..haa..'
သူ သက်ပြင်းဖျော့ဖျော့ ချမိသည်။
နာရီဝက်ကျော်ကျော် လမ်းလျှောက်လာပြီး နောက်ဆုံးတော့..ခြေလှမ်းတို့အား ခဏရပ်ထားလိုက်ရင်း ခပ်လှမ်းလှမ်းမှ ကျောင်းဝင်ပေါက်ကို ဘာရယ်မဟုတ် သူငေးကြည့်နေမိတာ ..
.
.
.ဆာကူရာပန်းများက ခပ်ဖျော့ဖျော့တိုက်ခတ်နေသော လေကြောင့် ပွင့်လွှာစတို့ တစ်စစီကြွေလွင့်နေကြသည်။
ကြွေကွက်များနှင့် လမ်းလေးထက် ဆာကူရာပွင့်ဖတ်လွှာတို့ အထပ်ထပ်ဖုံးအုပ်ထားတာကြောင့် ပန်းနုရောင်လွင်လွင်လေးရယ်..
ကြွေကွက်ဖြူဖြူတို့ပေါ်မှ ဟိုတစ်စသည်တစ်စနှင့် ဆာကူရာပွင့်ကြွေလွှာတို့က လှရက်လွန်းပါသည်။
သူခေါင်းကို အသာမော့မိရင်း ကြွေလွင့်နေသော ဆာကူရာများကို ငေးကြည့်နေမိသည်။
ထို့နောက် သူ့အကြည့်တို့က ဆာကူရာပင်များ ကြားမှ တစ်စွန်းတစ်စမြင်နေရသော ကျောင်းဝင်ပေါက်ဆီ ရောက်သွားပြန်သည်။
ကျောင်းတံခါးက ငွေမင်ရောင် စာလုံးများက နေရောင်ခြည်စတို့အောက် တလက်လက်တောက်ပနေသလို..
'.....'
သူမျက်လုံးများကို လက်နဲ့ ခပ်ဖွဖွပွတ်ရင်း ကျောင်းဝင်ပေါက်အား ပြန်မော့ကြည့်မိသည်။
.
.
Huh..
.
.
.
ဘာလား..
.
.
ကျောင်းဝင်ပေါက်က နှစ်ထပ်ကြီးတောင်ဖြစ်နေပါလား..ဆစ်ခနဲဖြစ်သွားသော ခေါင်းကြောင့် သူလက်ချောင်းများဖြင့် နားထင်ကိုဖိထားမိသည်။
'Hah..'
ဒီလိုခံစားချက်ကြီးကို မကြိုက်လိုက်တာ..
YOU ARE READING
Boku No Random BL(OC)[completed]
Romansaတစ်ခါတုန်းက သခင့်ရဲ့ဘေးနားမှာ ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ သခင် သတိရပေးနိုင်မလား.. OC* Written by:Yuki Sempai