ElyXiOn dot D 3 Ending Ment

345 56 3
                                    

[TRANS] 180715 #TheElyXiOn_dot⁠ ⁠ Day 3 FULL Ending Ment
PLEASE TAKE OUT WITH FULL CREDIT❣️

🐰Suho - ကျနော်တို့ solo schedule တွေနဲ့ ခဏခဏမတွေ့ဖြစ်ကြဘူး...ဒါမယ့် ဒီ concert အတွက်တူတူပြင်ဆင်ခဲ့ရတာ တကယ်ကို ပျော်ဖို့ကောင်းခဲ့ပါတယ်။'EXOL' တွေကို 'EXO' အဖြစ်နဲ့ stage ပေါ်ကနေ ပြန်လည်တွေ့ဆုံခွင့်ရအောင်ကြိုးစားနိုင်ခဲ့တဲ့အတွက် staff တွေ member တွေနဲ့ EXOL တွေ အကုန်လုံးကိုကျေးဇူးတင်ပါတယ်။ Elyxion က 2018 မှာ Korea မှာစတင်ခဲ့တဲ့ ပထမဆုံးသော activity ပါ..အကုန်လုံးက နည်းနည်းလေးထပ်စောင့်ပေးကြမယ်ဆိုရင် ကျနော်တို့ အကောင်းဆုံး appearance တွေနဲ့ပြန်လာခဲ့ပါမယ်...
ကျနော်တွေးမိတယ်.. ဒီကျယ်ပြန့်လှတဲ့ universe ကြီးထဲမှာ EXO နဲ့ EXOL တွေတွေ့ဆုံခွင့်ရခဲ့တာ ကံကြမ္မာကြောင့်ပဲလားလို့
ကျနော်တို့ ပြန်လည်မွေးဖွားလာတဲ့အခါလဲ ထပ်ပြီးတွေ့ကြရအောင်❤️
"I wonder if it was fate that exo was able to meet exo-l's in this vast universe. When we are born again, let's meet again."

이 광활한 우주에 엑소와 액소엘이 만난건 운명이 아닐까 싶어요.
다시 태어나도 다시 만나자.

🐶Baekhyun - ကျနော်တို့ Elyxion ကိုမနှစ်ကစခဲ့ကြတယ်။ တကမ္ဘာလုံးအနှံ့ သွားခဲ့ပြီး အခု Gocheok dome မှာ elyxion dot နဲ့အဆုံးသတ်ခဲ့ပြီ! ဒါမယ့် ဒါနောက်ဆုံးတော့မဟုတ်သေးဘူး။Macao မှာကျန်သေးတယ် ဒါမယ့် koreaမှာနောက်ဆုံးelyxion ပါပဲ။ ဒီ၃ ရက်အတွင်းမှာ အကုန်လုံးနဲ့တူတူ အကောင်းဆုံး concert ဖြစ်ခဲ့ပါတယ်။ ကျနော်တို့အကုန်လုံး ဘဝမှာ တူတူလုပ်ဖူးတဲ့အရာတွေထဲက တခုပေါ့။
ပြီးသွားတဲ့ ၃ ရက်လုံး ကျ​တော်​တို့ကို အိမ်​မှာ​နေရင်း SNS/live stream တွေက​နေ အား​ပေးခဲ့ကြတဲ့ eri လေးတွေကို​ရော ​ကျေးဇူးတင်​ပါတယ်...​ ကျ​တော်​တို့ concert ကို လာမကြည့်နိုင်လို့ ငိုနေကြတဲ့တချို့ကို SNS မှာတွေ့တယ်
ကျနော်တို့ကို အမြဲတမ်းအားပေးပြီးချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်❤️
ကျနော်တို့ကဒီထက်ပိုပြီးချစ်ပေးမှာပါ။
concert ကိုမလာနိုင်တဲ့ eri လေးတွေအတွက် ကျနော်တို့ ပြောနေတာတွေအကုန်လုံးကို အခုကြည့်နေတဲ့ eri လေးတွေက translation လုပ်ပေးပါဦး

🐯Chanyeol - ပထမဆုံးအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအချိန်အတိုင်းအတာဟာ မတိုတောင်းပါဘူး။ ၃ နာရီခွဲလောက်ကြာခဲ့တဲ့ show တခုပါ။ အကုန်လုံးရဲ့ သက်လုံ(ခံနိုင်စွမ်းအား)တွေတော်တော်ကောင်းတယ်နော်! (အမောခံနိုင်တာကိုပြောတာပါ) Run ဆိုတုန်းကဆိုရင် EXOL တွေအကုန် အရမ်းကိုခုန်ပေါက်ပြီးပျော်နေကြတာ မြင်ရတာ တကယ်ကိုဂုဏ်ယူမိတယ်။
အိမ်ပြန်ရောက်သွားလို့ ကုတင်ပေါ်လှဲချမိတဲ့အခါ အကုန်လုံးပြီးသွားပြီလို့ သက်ပြင်းချမိမှာအမှန်ပဲ။(ပေါ့ပါးသွားတာ) ..အရမ်းအရမ်းကိုပျော်ဖို့ကောင်းပါတယ်။မနေ့ကပြောခဲ့သလိုပဲ...ကျနော်တို့ ပြီးသွားခဲ့တဲ့ concert တွေအကြောင်း တွေးနေမိတုန်းပဲ..အထူးသဖြင့် exordium...အဲ့ပွဲအကြောင်း အိမ်မက်ခဏခဏမက်ဖြစ်တာ..ဘာလို့လဲဆိုတော့ ဒီလို ပွဲတွေ မှာဆိုရင် ကျနော်အရမ်းကိုပျော်လို့ ဘယ်တော့မှမေ့ရနိုင်မှာမဟုတ်ဘူး။
Elyxion ကိုစောင့်ခဲ့ရသလိုပဲ..နောက်တပွဲအတွက်ဘယ်လောက်ကြာမလဲဆိုတာ မပြောတတ်ဘူး။အဲ့အတွက် ကျနော်တို့ကိုစောင့်ပေးကြပါဦး။
I LOVE YOU..အကုန်လုံးကြိုးစားခဲ့ကြပါတယ်

You've reached the end of published parts.

⏰ Last updated: Jul 15, 2018 ⏰

Add this story to your Library to get notified about new parts!

They....Where stories live. Discover now