လူတစ်ယောက်က လူတစ်ယောက်ကို ဘယ်လောက်ကြာကြာချစ်နိုင်သလဲ ?
တစ်လလား တစ်နှစ်လား
တစ်ဘဝစာ အထိလား နောင်ဘဝ ဘဝတွေ အထိလား ?
ဒီမေးခွန်းကို အကြိမ်ပေါင်းများစွာ ကိုယ့်ဘာသာပြန်မေးကြည့်ခဲ့မိတယ်ကိုယ် ကိုယ်တိုင်က ရော လူတစ်ယောက်ကို ဘယ်လောက်ကြာအောင်ချစ်နိုင်သလဲ ဟုတ်လား?
ကိုယ့်အတွက်တော့ အချစ်နဲ့ အမုန်းဆိုတာ ခနော်နီ ခနော်နဲ့ကာထားတဲ့ စည်းရိုးလေးတစ်ခုပဲခြားတယ်
ကိုယ်က အရမ်းချစ် အရမ်းတွေပေးဆပ်ခဲ့ပေမယ့် ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ
အဲ့ စည်းရိုးကို ကိုယ်တိုင် ကိုယ်ကျ လက်တွေနဲ့ဖျက်ဆီးပြီး အမုန်းဆိုတဲ့နယ်ကို
ချဉ်းနင်း ဝင်ရောက်မိတယ်"ဘာလို့ ငါ့ကိုမှ ဒီလိုလုပ်ရက်ရတာလဲ
ငါနင့်ကို ဒီလောက်ချစ်ပေးခဲ့တာ
ငါ့ဘဝတစ်ခုလုံး ငါနုပျိုငယ်ရွယ်မှုတွေ အချိန်တွေကို ရင်းနှီးပေးဆပ်ခဲ့တာတောင် ငါ့ကို ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ " ဒီလိုမေးမိတဲ့အခါ
သူက အေးစက်စက်ပြုံးရင်းပြနိဖြေတယ်
" မင်းကို ငါ ဘယ်တုန်းကပေးဆပ်ခိုင်းခဲ့လို့လဲ "တစ်ခါတစ်လေကျရင် မချစ်တတ်တဲ့ နှလုံးသားတစ်ခုကို အပိုင်စားလိုချင်မိတယ်
ဘယ်သူ့ကိုမှ မချစ်တတ် မမြတ်နိုးတတ်
ဘယ်သူ့အတွက်မှ မျက်ရည်မကျတတ်တဲ့သူဖြစ်ချင်တယ်ဒါပေမယ့် လက်တွေ့ဘဝကြီးမှာတော့
ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာသလားထင်ရတယ်
ကိုယ့်စိတ်တွေ လေးလံထိုင်းမှိုင်းပြီး gloomy သိပ်ဖြစ်နေတဲ့ နေ့မှ
သက်ဆိုင်ခဲ့ဖူးတဲ့ သူကို
သူ့ရဲ့ လက်ရှိ သက်ဆိုင်သူ နဲ့ တွဲတွေ့လိုက်ရတဲ့ အခိုက်အတန့်မျိုးအကြိမ်ကြိမ် ကျီစားခံရတာတောင်မှ
အမှတ်မရှိနိုင်တဲ့ နှလုံးသားတစ်စုံကတော့
ဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့သူအတွက်
မာနနဲ့ အကျဉ်းချထားတာတောင်
ငိုကြွေးဖို့ အယူခံဝင်နေတုန်း.........ကဲ... သင်တို့လည်းဖြေကြည့်ပါဦး
လူတစ်ယောက်ကို ဘယ်လောက်ကြာကြာ ချစ်ဖူးခဲ့သလဲ ???16/7/18 (gloomy day)
YOU ARE READING
ဂျစ်ဆော
Randomအပိုင်းအစ အသေးလေးတွေကို ဆက်လိုက်တဲ့အခါ ရုပ်ပုံပေါ်လာတဲ့ ဂျစ်ဆောကစားနည်းကို ခင်ဗျားတို့ လည်းကစားဖူးမှာပါ ခံစားမှုအပိုင်းအစလေးတွေကို ဆက်လိုက်ရင်ရော ဘာပေါ်လာမလဲ