Warning..🔥🔥
တီတီ...Message from unknown number
'ကျနော် Jhonပါ ကျနော်ဘယ်သူမှန်းတော့ ခင်များသိမှာပါ.. ခင်များကိုတွေ့ချင်တယ် ခင်များ ကုမ္ပဏီ ရှေ့က Cafe မှာ စောင့်နေမယ်...´
ဖတ်ပြီး မဲ့ပြုံးတစ်ခုကို မျက်နှာထက်မှာ အသက်သွင်းလိုက်မိသည်။ ဘယ်အရာတွေ ဘယ်လိုခက်ခက် Jiminie ကိုတော့ နာကျင်စေမည့်အရာတစ်ခုမှ ကျရောက်မလာအောင် တားဆီးရမှာပဲ...
Jiminie ရဲ့ အခန်းရှေ့မှာ ရပ်ပြီး တံခါးခေါက်ဖို့တွန့်ဆုတ်နေဆဲ...
ကျွီ....
တံခါးဖွင့်လာတော့ လန့်သွားပေမယ့် ကျနော့ကို ကြောင်ပြီးကြည့်နေတဲ့ ကောင်လေး..
ညတုန်းက သူ့ကိုနမ်းထားတာမို့ စိတ်ထဲက မလုံချင်...Jiminie- ခင်များပြောစရာရှိလို့လား..
Yoongi- အင်း...ဟို.. မနက်စာလည်း မစားဘူးကြားတယ် အဲ့ဒါ ဘာစားချင်လဲ မေးမလို့..
Jimin- မစားချင်သေးဘူး..
Yoongi- ဒါဆို ဗိုက်ဆာရင် အန်တီကြီးကို ပြောလိုက်နော် ..
Jimin- nae...
ပြောပြီး လှည့်ထွက်သွားတဲ့ Min Yoongiကို ရပ်ကြည့်နေမိဆဲ..
သူ့ခြေထောက်ကို ရောက်သွားတော့..Jimin- Min yoongi
Yoongi- ဟင်..
Jimin- ခင်များပတ်တီး လဲမစည်းဘူးလား သွေးတောင် စွန်းနေပြီ..
ခေါင်းကုတ်ကာ ကျနော့ကို လှည့်ကြည့်ပြီး..
Yoongi- ကိုယ်ပတ်တီးမစည်းတတ်ဘူး..
Jimin- ဒီအရွယ်တောင် ရောက်နေပြီ ဒါလေးတောင် မလုပ်တတ်သေးဘူးလား..
Yoongi- အင်း...ကြည့်ရတာ ကိုယ်ကျန်ခဲ့တဲ့နှစ်တွေက သွေးထွက်သံယို မဖြစ်ခဲ့လို့ဖြစ်မယ်..အဟက်
ရယ်ပြီးပြောနေတဲ့ သူ့ကိုကြည့်ပြီး သိပ်တော့ မကျေနပ်ချင်..
သို့သော်လည်း ထိုဒဏ်ရာက ကျနော့ကြောင့်ဖြစ်တာမဟုတ်လား..
أنت تقرأ
အမုန်းတစ်ခု၏အနားသတ်(Completed)
عاطفيةYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...