Destiny

2.3K 225 30
                                    

Zawgyi

ကျူးရှားပြည်​ A'toဘုရင်​မင်းမြတ်​အုပ်​စိုးစဉ်​.....

"လာခဲ့စမ်း"

"အ​မေ ကျွန်​​တော်​​ကြောက်​ပါပြီ...ဟင့်
ကျွန်​​တော့်​ကို အဲ့​နေရာကိုမပို့ပါနဲ့​နော်​ "

လူစည်​ကား​နေတဲ့​ဈေးတန်းကြီးထဲမှာ မိန်းမတစ်​​ယောက်​က
က​လေး​လေးတစ်​​ယောက်​ကို တရွတ်​တိုက်​ဆွဲ​ခေါ်သွားသည်
ညစ်​​ထေးပြီး အပ်​ချုပ်​ရာများနဲ့အင်္ကျီက အကြိမ်​ကြိမ်​ဝတ်​ထားမှန်းသိသာလှသည်
ငို​​ယိုပြီးရုန်းကန်​​နေတဲ့​ကောင်​​လေးက သူ့ကိုပို့မယ့်​​နေရာကို​ကြောက်​ရွံ့​နေဟန်​...
သည်​လိုမြင်​ကွင်းမျိုးက သာမန်​ဖြစ်​သည့်​အတွက်​အလုပ်​ပျက်​ခံပြီးကြည့်​မ​နေကြသလို
ဝင်​ဆွဲရန်​လည်းစိတ်​ကူးမရှိကြ

"အ​မေ ကျွန်​​တော်​ပိုက်​ဆံရှာ​ပေးထားတယ်​​လေ အ​မေရယ်
ကျေးဇူး....​ကျေးဇူးပြုပြီး ဟင့်​...ကျွန်​​တော့်​ကို..."

"တိတ်​စမ်း"

ထိုမိန်းမက ဝတ်​​ကောင်းစားလှဝတ်​ထား​တဲ့လူကြီး​ဆီကို​ပစ်​ပေးလိုက်​ပြီး
ငွေယူကာပြန်​သွားသည်

"အ​မေ!!!!!!!!!!"

သနားဖွယ်​​ကောင်​​လေးအသံကိုမည်​သူမျှ ဂရုစိုက်​မ​နေကြ
ကျွန်​​ရောင်းဝယ်​​ရေးဆိုသည်​မှာ ဒီလိုပဲမို့....

.......

"Luo အဲ့ထင်း​တွေ စားဖို​ဆောင်​သွားပို့​ပေး"

"ဟုတ်​"

Luoအသက်​ ၁၁နှစ်​မှာ ​မွေးမိခင်​ကကျွန်​အဖြစ်​​ရောင်းစားခဲ့သည်
မိမိကို လာဝယ်​သူမရှိခင်​တည်းက​အသက်​၁၁နှစ်​အရွယ်​​လေးနဲ့မလိုက်​ ကုန်​သည်​ရဲ့အိမ်​မှာ
အခိုင်းအ​စေဘဝနဲ့​နေခဲ့ရသည်
မနက်​စာနဲ့ ည​နေစာကို ​တိရိစ္ဆာန်​သာသာ​ကျွေးပြီး အချိန်​ပြည့်​ခိုင်းခဲ့​သော​ကြောင့်
ပိန်​ချုံးကာ မှင်​စာဟုအ​ခေါ်ခံခဲ့ရသည်
လက်​​တွေဆိုတာ ကိုယ့်​လက်​ကိုသူများအသား​ရေ​ကိုထိမှာစိုးမတတ်​ထိ ကြမ်း​နေခဲ့သည်
ရုပ်​ရည်​? ​အောက်​​ခြေလူတန်းစားက​မွေးသည့်​က​လေးက ရုပ်​ရည်​ဆိုတဲ့စကားလုံး​တောင်​သုံးဝံ့ပါ့မလား..
ကံ​ကောင်းတာက မိခင်​အ​ပျော်​မယ်​က​မွေးတာ​ကြောင့်​ သွား​ခေါ​ခေါ ရုပ်​ကြမ်းကြမ်းမဟုတ်​တာကိုကျေးဇူးတင်​ရမည်
၁၂နှစ်​အရွယ်​​ရောက်​မှ ဘုရင့်​နန်း​တွင်းစားဖို​မှူးကဝယ်​ယူခဲ့ပြီး
နန်းတွင်းအ​စေခံဖြစ်ခဲ့၍သာ..
နန်း​တော်​ထဲ​မှာအ​စေခံဖြစ်​ရတာက ဟိုကုန်​သည့်​အိမ်​မှာထက်​​တော်​​သေးသည်​..
ပင်​ပန်း​ပေမယ့်​အစာဝဝစားရပြီး လူဆန်​ဆန်​အိပ်ရသည်​​လေ..

Destiny {ဘာသာပြန်မဟုတ်ပါ}Where stories live. Discover now