သူ နဲ့ ဆုံဆည်းခြင်း

11 5 3
                                    

ဘဝကိုလောဘမရှိပဲ ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တာ မိမိ၏ဆန္ဒ။

2014 ခုနှစ် ဆယ်တန်းအောင်ခါစအရွယ် လောကကြီးကိုစိတ်တိုင်းကျစူးစမ်းလေ့လာလို့ရပြီဆိုပြီး တရားဝင်ခွင့်ပြုချက်နဲ့ပျော်ရွှင်ခဲ့တယ်။ TVတွေထဲ စာအုပ်တွေထဲ ပတ်ဝန်းကျင်မှာအမြဲ မြင်တွေ့နေရတဲ့ အချစ်ဆိုတာကြီးကို မြည်းစမ်းချင်တာ ပထမဦးဆုံးဆန္ဒပေါ့ ။ (ဖျတ်ဖျတ်လူးလေး)

အဲဒီနေ့က အင်္ဂလိပ်စာသင်တန်း စတက်ခဲ့တဲ့နေ့ပေါ့။ မြီးကောင်ပေါက်ကောင်မလေးတစ်ယောက် အလှလဲမပြင်တတ် ရှက်လဲရှက်တက်သေး ယောင်ချာချာနဲ့ မကြောက်ချင်ယောင်ဆောင်ပြီး စာသင်ခန်းထဲလှမ်းဝင်ခဲ့တယ်။ ညာဖက်ဒုတိယမြောက်အတန်းမှာ အခန်းအဝင်ပေါက်ကို မျက်နှာမူပြီးထိုင်လိုက်တယ် ။ အဲဒီမှာပဲ ရှေ့ဆုံးအတန်းမှာ ကိုယ့်ဖက်ကို မျက်နှာမူပြီးထိုင်နေတဲ့ သူ့ကိုစတွေ့ခဲ့တယ်။ ကိုယ်တို့သင်တန်းက စားပွဲခုံတစ်လုံးကို ဝိုင်းပြီး ငါးယောက်ထိုင်ရတာပါ။

မြင်မြင်ချင်း သူကချောလိုက်တာ ။ အသားဖြူဖြူနဲ့ စတိုင်လဲကျတယ် မော်ဒယ်နဲ့တူတယ် တွေးမိတယ် ။ အဲ့တုန်းက သူက ရှပ်အင်္ကျီအဖြူပေါ်မှာ အပြာရောင်ကိုအဖြူအနားသတ်တဲ့ ဆွယ်တာလိုလိုဂျာကင်လိုလိုအကျီ င်္ကို ထပ်ဝတ်ထားတယ် ။ ရှူးအနက်ရောင်နဲ့ နည်းနည်းပိန်တဲ့ပုံပေါက်ပင်မယ့် တော်တော်ကြည့်ကောင်းတယ် ။ ဘယ်လိုပုံစံလေးလဲဆိုတော့ JJ project က မျက်နှာလုံးလုံးလေးနဲ့ ကိုရီးယားကောင်လေးနဲ့ တော်တော်ဆင်တယ်။ jj project ရဲ့ bounceဆိုတဲ့ mv လေးကို အထပ်ထပ်အခါခါ ကြည့်လိုက်ရတာ အမော ။ အဲ့တုန်းက Kpop ဆို Tara သီချင်းတွေပဲသိတာဆိုတော့လေ Jinyoung လဲမသိ JB လဲ မသိ။ Fb acc လဲမရှိ သုံးလဲမသုံးတတ်ပါ ။ မသုံးတတ်ဆို ph ကလဲ ဆယ်တန်းပြီးမှ ကိုင်ရတာဆိုတော့ အင်တာနက်တောင် မချိတ်ရသေး ။ သင်တန်းမှာ ဆရာက စာသင်ရင်း Facebook အကြောင်းစပ်မိလို့ ပြောရင်တောင်ယောင်လည်လည်နဲ့ သနားစရာလေး။ ကိုယ်တစ်ယောက်ထဲခေတ်နောက်ကျနေတာပါ။

အဲနေ့က သူ့ကိုတွေ့တော့ ကိုယ်နဲ့ရွယ်တူလို့ပဲထင်သွားတာ နုနုနယ်နယ်လေး မျက်လုံးလေးတွေဆိုတအားဖြူစင်တာပဲ ထင်မိတယ် ။( ကိုယ်ဟာ မင်းမျက်ဝန်းတွေအောက်ကျဆုံးခဲ့ အယ်လဲ့ ။)

You've reached the end of published parts.

⏰ Last updated: Nov 23, 2019 ⏰

Add this story to your Library to get notified about new parts!

untitled 2014Where stories live. Discover now