Ch.77 : Music Lesson (Part.1)

10.7K 1.3K 63
                                    

Online discussion တွေဟာ တောမီးတွေလို အရှိန်အဟုန်နဲ့ တောက်လောင်နေပေမယ့် ၊ offline မှာတော့ Tang Feng ဟာ သူ့ရဲ့ ပုံမှန် သမရိုးကျ နေ့စဉ်ဘဝကိုပဲ ဖြတ်သန်းလို့နေလေတယ် ။ True Star Training Class ရဲ့ ဒုတိယမြောက် episode ဟာ မြင်းစီးသင်ခန်းစာနဲ့ တေးဂီတသင်ခန်းစာတို့ကို အဓိကထားပြီး ရိုက်ကူးပြသဖို့ ရှိနေလေတယ် ။ ဒီနေ့ကတော့ သင်တန်းသားတွေရဲ့ ပထမဆုံး vocal သင်ခန်းစာကို လေ့လာကြရမယ့်နေ့ပဲ ဖြစ်တယ် ။ ပြီးတော့ ဒီသင်တန်းမှာ Ge Chen တရားဝင် ပထမဆုံး ပါဝင်မယ့် နေ့လည်း ဖြစ်ပြန်တယ် ။ အစပိုင်းမှာ စည်းကမ်းချက် ထုတ်ပြန်ထားတာက သင်တန်းသားအားလုံး အဆောင်တစ်ခုထဲမှာ အတူစုရုံးနေထိုင်ကြရမယ်ဆိုပေမယ့် Ge Chen ကတော့ ဒီစည်းကမ်းတွေကို လိုက်နာဖို့ရာ မလိုအပ်တဲ့အလား အဆောင်မှာ လာရောက်နေထိုင်ခြင်း မရှိချေလေဘူး ။

အရင်ဘဝဟောင်းက Tang Feng ဟာ Ge Chen နဲ့အတူတူ idol group တစ်ခုတည်းကနေ debut လုပ်ခဲ့ပေမယ့် ခုချိန်မှာ သူတို့နှစ်ယောက် လျှောက်လှမ်းနေတဲ့ လမ်းကြောင်းခြင်း ဘာလို့ မတူညီကြရတဲ့ အကြောင်းရင်းကို Tang Feng ကောင်းကောင်းကြီး နားလည်လို့နေတယ် ။ Ge Chen ဟာ သူ့ကိုယ့်သူ public မှာ နေရာတစ်နေရာ ရရှိဖို့ ဘယ်လိုလူတွေနဲ့ ဆက်သွယ်ရမယ် ။ ဘယ်လိုလူတွေရဲ့ အကူအညီကို ရယူဖို့လိုအပ်တယ်ဆိုတာ သေသေချာချာ သိနားလည်တယ် ။ အခုလည်း သူဘာလို့ သင်တန်းသားတွေနဲ့အတူတူ အဆောင်တစ်ခုတည်းမှာ နေထိုင်လို့မဖြစ်ရတဲ့ အကြောင်းရင်းကို ထုတ်လုပ်ရေးအဖွဲ့က သြဇာရာထူးကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဆုံပြီး ရှင်းပြတောင်းပန်ခဲ့တယ် ။ ရုပ်ရှင်တချို့နဲ့ ရိုက်ကူးရေးအစီအစဉ်တချို့ မပြီးပြတ်သေးတာကြောင့် ဟိုမှဒီ ဥဒဟို ကူးလူးသွားဖို့ သူ့ဖို့အဆင်မပြေရတဲ့အကြောင်းပြချက်နဲ့ အပြင်မှာပဲ ဆက်ပြီးနေထိုင်ခဲ့တယ် ။ Ge Chen ရဲ့အခြေအနေဟာ အရမ်းကို အလုပ်များနေတဲ့ပုံဟန်ရှိနေတဲ့ အတွက်ကြောင့် ထုတ်လုပ်ရေးအဖွဲ့ဟာ ဒီတောင်းဆိုချက်ကို အသာတကြည်ပဲ လက်ခံခဲ့လိုက်တယ် ။

ပထမဆုံး သင်တန်းကိုစတင် တက်ရောက်တဲ့နေ့မှာ Ge Chen ဟာ အားလုံးကို ဖော်ဖော်ရွေရွေ လိုက်လံနူတ်ဆက်ခဲ့လေတယ် ။ မကြာသေးမီအချိန်က Tang Feng ကို ကျိန်ဆဲရူံ့ချပစ်တင်ခဲ့တဲ့ သူ့ရဲ့ လက်ထောက်လုပ်သူဟာလည်း အပြုံးမျက်နှာနဲ့ သင်တန်းသားတွေကြား လှည့်ပတ်သွားလာပြီး ၊ ရိုက်ကူးရေး ဝန်ထမ်းတွေနဲ့ ပဋိသန္တာရစကားစမြည် ပြောဆိုလို့နေလေတယ် ။

True Star (Myanmar Translation )Where stories live. Discover now