'ရှီး.. ငါတို့ ကလေးယူလို့ ရမယ့် နည်းကို ငါသိပြီ..'
ရေသောက်ဖို့ ပြင်နေတဲ့ သောက်လက်စ ရေခဲခွက်လေးဟာ လက်ကနေ လွတ်ကျသွားတယ်။ ပင်းက အနားကို ချက်ချင်း ရောက်လာပြီး ကမန်းကတမ်း ဖမ်းထားလိုက်ပြီးမှ နားထင်လေးကို တစ်ချက်လှမ်းနမ်းရင်း.. နောက်ထပ် တစ်ကြိမ် အတည်ပြု ပြောကြားတယ်။
'သဘာဝလွန်တဲ့ ကိစ္စရပ် မှန်သမျှကို ကျိုးရှီ လုပ်နိုင်တယ်.. ငါ နောက်ဆုံးတစ်ကြိမ် အရှေ့ပင်လယ်ကို အလည်သွားတုန်းက ဟော်ရဲ့ရှီ ဆီက ကလေး လေးယောက်ကို မနာလိုနေခဲ့တာ.. နောက်ဆုံးတော့ နည်းလမ်းကို ငါသိပြီ..'
'ပင်း.. တစ်ခုခု မှားနေပြီ ထင်တယ်..'
'မင်း ခဏစောင့် ငါ ကျိုးရှီကို ပြန်ပေးဆွဲခဲ့မယ်..'
ပင်းက ကျိုးရှီကို သွားရှာတာ သုံးလကျော် ကြာတယ်။ နောက်တော့ ပင်းက ကျိုးရှီကို ခေါ်လာနိုင်ခဲ့တယ်။ ပင်းပြန်ရောက်လာပြီး ကျိုးရှီပါ ပါလာတာကို ရှီးတအံ့တသြ ဖြစ်မိနေတယ်။ ကျိုးရှီလို နတ်မင်းဟာ ပင်းကို အလိုလိုက်မယ့် နတ်မင်း မဟုတ်ဘူး။ ဒါပေမေယ့် ဘာလို့မှန်း မသိပဲနဲ့ ဒီကို လိုက်လာတယ်။ ရှီး တရိုတသေပဲ ကျိုးရှီ နတ်မင်းကို ထိုင်ဖို့ နေရာပြင်ဆင်ပေးလိုက်တယ်။
'ပင်းရှီ နတ်မင်း ထိုင်ပါ..'
ကျိုးရှီက ပင်းကို ထိုင်ဖို့ ပြောလိုက်တော့ ပင်းက သလွန်ပေါ်မှာ တက်ထိုင်တယ်။ ကျိုးရှီက ပင်းကို တစ်ချက် ကြည့်တယ်။ ပြီးမှ တစ်ချက် ပြုံးလိုက်ပြီး..
'ကောင်းကင် မင်းကြီးက မိန့်ကြားတယ်.. ပင်းကို အပြစ်ဒဏ် ခတ်တဲ့နေရာတစ်ခု ဖန်တီးပေးစေချင်တယ် တဲ့..'
ပင်းဟာ ထိုစကားကို ကြားတာနဲ့..
'အဲ့ဒီ ဟုန်လျန်ဟာ ငါ့ရဲ့ နတ်စွမ်းအားတွေ အကုန်လုံးကို ကုန်ခမ်း သွားစေချင်နေတာလား.. ငါ့ကိုပဲ တစ်ခုပြီး တစ်ခု'
ကျိုးရှီက ထိုင်နေရာကနေ ထရပ်လိုက်ပြီးတော့မှ ခပ်အေးအေးနှင့်ပင်..
'အဲ့တာဆို ပင်းရှီ နတ်မင်းရဲ့ အိမ်တော်မှာ အလည်လာမိတာ စိုးရွံ့မိပါပြီ..'
![](https://img.wattpad.com/cover/147508012-288-k593592.jpg)
YOU ARE READING
တစ်ခါတုန်းက ကောင်ကင်နန်းတော်မှာ...The Legend of Heaven
Romanceရေးသားသူ - စွဲညို့ သဘာဝတရားမိခင်ရဲ့ ပထမဆုံးသော သားတော်၊ ရေခဲနတ်မင်း ပင်းရှီ၊ သာမန်လူသားငယ်လေးကို နှစ်သက် သဘောကျသွားပြီးတဲ့နောက်မှာ လူသားသဘာဝတွေ ကင်းဝေးနေတဲ့ နတ်မင်းတစ်ပါးနဲ့၊ အနိမ့်စားအဆင့်သာ ရှိတဲ့ နတ်စွမ်းအားမဲ့ လူသားငယ်လေးတို့က ဘယ်လိုတွေ ချစ်ကြိ...