Yoonguk- မကြောက်ပါနဲ့ ငါမင်းကို ကိုက်မစားပါဘူး အကောင်လိုက်မျိုချမှာ..
Jimin-ခင်များဘာစကား ပြောတာလဲ.. အရှေ့ဆက်တိုးမလာနဲ့နော်..
သို့သော်လည်း ကိုယ်သာ အနောက်ဆုတ်ဆုတ်သွားရာက နံရံနဲ့ ထိမိသွားတော့ ထိုလူ့ဆီက မဲ့ပြုံးတစ်ချက်ကို မြင်လိုက်ရသည်။
သူ့လက်ကို နံရံမှာထောက်လိုက်တော့ ကျနော်ကြောက်လွန်းလို့ ဒူးတွေယိုင်ချင်လာသည်..
Yoonguk- အခုမှ သေချာကြည့်မိတယ် မင်းက မင်းအမထက်ပိုလှတာပဲ..
Jimin-ခင်များ..
Yoonguk-ရှူး.... မင်းစကားဆက်ပြောရင် ကိုယ်နမ်းမိတော့မယ်..
ကျနော် သူ့ကိုယ်ကို တွန်းထုတ်လိုက်ပြီး..
Jimin-ခင်များ ရူးနေလား.. ကျနော်က ခင်များညီနဲ့ လက်ထပ်ထားတဲ့ သူနော်...
Yoonguk- အဲ့တော့ ငါက ဘာလုပ်ရမှာလဲ.. ငါလိုချင်တာ ဘာမဆိုရအောင်ယူမှာပဲ...
Jimin- ခင်များ ဘာလုပ်တာလဲ လွှတ်နော်..
လက်ခေါက်ဝတ်ကို လာဆွဲတာကြောင့် အတင်းရုန်းကန်နေရသည်။
Min Yoongi မြန်မြန်ပြန်လာပါတော့..'အကိုကြီး Jiminလေးကိုတော့ မလုပ်ပါနဲ့ အကိုလေးသိရင် မကောင်းပါဘူး သူက အကိုလေးနဲ့ ယူထားတာလေ.. မလုပ်ပါနဲ့ '
တော်သေးသည် အနောက်ကနေ ရောက်လာတဲ့ အန်တီကြီးကြောင့် သူဆွဲထားတဲ့ လက်ကို လွှတ်ပေးလိုက်တော့...
Yoonguk- မင်း သတိထားနေပါ.. ငါက အလွှတ်ပေးတတ်တဲ့လူမဟုတ်ဘူး ငါက Min Yoongiလို မတုံးအဘူး..
ကျနော့ကို စေ့စေ့ကြည့်ပြီး သူပြောကာ ထွက်သွားတော့ ခြေထောက်ပေါ် ကြာကြာမရပ်နိုင်လို့.ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိသည်။
'Jimin လေး အဆင်ပြေရဲ့လား အန်တီကြီးအပြစ်ပါကွယ် အကိုလေး သေချာမှာထားရဲ့နဲ့ Jiminလေး မဆင်းလာလောက်ဘူး ထင်လို့ မီးပူတိုက်နေလိုက်တာ အကိုကြီး ကလည်းလေ အဲ့အကျင့်ကို မပျောက်ဘူး Jisooတုန်းက....အဲ...'
YOU ARE READING
အမုန်းတစ်ခု၏အနားသတ်(Completed)
RomanceYoonmin fic My Third fic for yoonmin ' မုန်းတယ်ဟုတ်လား.. မင်းကြိုက်သလောက်မုန်း ကိုယ်ကလည်း မင်းမုန်းသလောက် မင်းကို ချစ်မှာမို့ အဲ့ဒါ မင်းနဲ့ထိုက်တန် တဲ့ ကိုယ်ပေးတဲ့ အပြစ်ဒဏ်ပဲ ' Min Yoongi 'မုန်းတယ် ကျနော့ဘဝ တစ်ခုလုံး ဇေ...