Random 16

1.7K 124 4
                                    

》》》》》2017, September

'..သူရော??..'

အမေးခံလိုက်ရသော ဝန်ထမ်းကောင်လေးမှာ သူကိုမြင်သည်နှင့် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။

'သ..သခင်ကြီး..!!'

ခဏလောက်ကြာမှ သတိပြန်ဝင်လာရင်း သူ့ကို ခါးကိုကိုင်းညွတ်ရင်း နှုတ်ဆက်သည်လေ..
 သူ ဘာမှမတုံ့ပြန်ဘဲ ထိုကောင်ငယ်လေးကိုသာ ငေးကြည့်နေမိသည်။

'သခင်.. ဘာ.. ဘာကိုအလိုရှိလို့လဲခင်ဗျ..'

ကောင်ငယ်လေး၏ အသံက ခပ်တိုးတိုးနှင့် အနည်းငယ်ပင်တုန်ယင်နေသယောင်..
ငုံ့ထားသောခေါင်းလေးကို ပြန်မမော့ဘဲမေးနေလေရဲ့..
သူ..စိတ်ထဲမှာ.. ခုခနဲတော့ဖြစ်သွားရသည်။
သူ့ကို အဲ့လောက်တောင်ကြောက်တာလား..

အလိုမကျစွာ မျက်မှောင်တို့ကို အနည်းငယ်တွန့်ချိုးလိုက်မိရင်း အနောက်တွင်ပါလာသော ကိုယ်ရံတော်အဖွဲ့ဆီ ပြန်လှည့်လိုက်သည်။

'မင်းတို့ အပြင်မှာစောင့်နေကြ.. ငါနဲ့လိုက်လာစရာမလိုတော့ဘူး.. ကြားလား..'

'...'
 
သခင်၏ စကားနောက် ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်မှာ မျက်လုံးများပြူးကျယ်သွားရင်း အနည်းငယ်တွန့်ဆုတ်သွားမိသည်။

သူတို့ အပြင်မှာစောင့်မနေနိုင်ပါ..
.
.
သခင်ကြီးဘေးနားမှ တစ်ဖဝါးတောင် ခွာလို့မရတာ သူသိထားပါသည်။
.
.
သခင်ကြီး... သို့မဟုတ်.. မဟာအိမ်တော်ရဲ့  ပထမသခင်လေးရဲ့လုံခြုံရေးက သူ့တို့လက်ထဲမှာ မဟုတ်ပါလား..

'ဒါပေမဲ့.. သ..ခင်..'

'....'

စကားတောင်ဆုံးအောင်မပြောလိုက်ရ.. ပထမသခင်လေးက သူ့ကို စိုက်ကြည့်လာသည့်အတွက် သူရပ်တန့်သွားမိသည်။ သူချက်ချင်းပင် ခါးကို ကိုင်းညွတ်၍ အရိုအသေပေးလိုက်ရင်းက..

'ဒါဆို.. ကျွန်တော်တို့ အပြင်မှာစောင့်နေလိုက်ပါ့မယ်..'

ပထမသခင်လေးရဲ့ လုံခြုံရေးအတွက် စိတ်ပူမိသော်လည်း သူတို့ဆိုသည်မှာ သခင်၏အမိန့်ကို လွန်ဆန်ခွင့်မရှိသည်မို့..

Boku No Random BL(OC)[completed]Where stories live. Discover now