*နှလုံးသားလမ်းညွှန်မှုအတိုင်း လိုက်ကြည့်ရအောင်*
Chanyeol အိပ်နေသောကောင်လေး၏နှဖူးကို တစ်ချက်ငုံ့နမ်းလိုက်တော့ ချွေးနံ့လေးထွက်နေ၏။ ဒီကောင်လေး ဘယ်လောက်တောင်ငိုထားလဲမှမသိတာ မျက်ခွံလေးတွေလဲအစ်လို့ လက်မှာလဲ သွေးတွေပေနေတုန်းပဲ။ အကုန်လုံး စိုးရိမ်ပြီး အသည်းအသန်ဖြစ်နေကြတော့ သူလဲ သူ့ကိုယ်သူတောင်သတိထားမိပုံမပေါ်ဘူး။ မင်းခုနကပြောတဲ့ ကိုယ့်ကိုချစ်တယ်ဆိုတဲ့စကားကို ကိုယ်ယုံပါတယ်။
ခုနက chanyeolမေ့နေတယ်ဆိုပြီး kyungsooငိုယိုကာပြောနေသော စကားတို့၌chanကိုချစ်တယ်ဟုလဲပါခဲ့သည်လေ။ကိုယ်ကရော? မင်းကိုတွေ့ရင် ရင်ခုန်ပေမယ့်၊ မင်းရဲ့အပြုံးလေးတွေကို သဘောကျပေမယ့်၊ မင်းကိုသဝန်တိုနေပေမယ့်၊ မင်းတခုခုထိခိုက်မှာ စိုးရိမ်ပေမယ့် ငါ့ဆီမှာ ငါ့ရင်ထဲမှာငါ့ရဲ့ပထမဆုံးအနမ်းကိုယူသွားခဲ့တစ်ယောက်ကရှိနေခဲ့ပြီးပြီ ငါသူ့ကိုမေ့လိုက်ရမှာလား? မင်းကိုလဲငါချစ်မိနေတယ်ထင်တယ်? ငါဘာလုပ်သင့်လဲ? ကိုယ်ရူးတော့မယ်ကွာ~~~
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤
ညကအတွေးတွေကြောင့် နောက်ကျမှအိပ်ပျော်သွားသဖြင့် မနက်ကျတော့ အိပ်ယာထနောက်ကျတော့သည်။
*chan hyung နိုးပြီလား*
ကုတင်ပေါ်မှာလူးလွန့်၍မျက်လုံးတွေပွတ်နေသော chanyeolကို Kyungsooလှမ်းမေးလိုက်သည်။ chanyeolအိပ်နေချိန်တွင် kyungsooမနက်စာထွက်ဝယ်ပြီးနေပြီဖြစ်သည်။*hyungထနိုင်တယ်မလား မျက်နှာသစ်ဖို့ကူပေးရဦးမလား*
kyungsooကပြောပြောဆိုဆိုနှင့်ကုတင်ပေါ်တွင် ထထိုင်နေသည့် chanyeolဘေးကိုရောက်လာသည်။*ရတယ် kyungsoo ငါ့ဘာသာပဲလုပ်လိုက်မယ်။*
chanyeolက လက်ကာပြကာ ပြောလိုက်ပြီး ကုတင်ပေါ်မှဆင်း၍ မျက်နှာသစ်ရန်ထွက်သွားခဲ့သည်။ kyungsooလဲ မနက်စာကျွေးရန် ဝယ်လာသောမုန့်တွေကိုပန်းကန်ထဲထည့်ကာပြင်နေလိုက်သည်။ ခဏနေတော့ chanyeolက မျက်နှာသစ်ပြီးပြန်ထွက်တော့ အခန်းဝမှာစောင့်နေတဲ့ kyungsooက မျက်နှာသုတ်ပုဝါကို chanyeolထံလှမ်းပေးသည်။ Chanyeolက လှမ်းယူရင်း kyungsooကို ပြုံးပြသည်။ chanyeol၏အပြုံးတစ်ခုကာ kyungsooရဲ့ကမ္ဘာကိုခဏတာရပ်တန့်စေသည်။ ပါးချိုင့်ခွက်ခွက်တစ်ခုက ပတ်ဝန်းကျင်ကိုမေ့စေဖို့လုံလောက်သည်။ အရမ်းချစ်ရပါတယ် chan💚.
ESTÁS LEYENDO
Under the mistletoe (Complete)
RomanceYour lips on my lips, that's a Merry Merry Christmas.