စတင်နှုတ်ဆက်ခြင်း

22 1 0
                                    

"အဲ အဲး အဲး"

ငယ်သေးလို့ပဲလား။ ကလေးငိုသံကို လူအများကြားသဖွယ်'အူဝဲ'မကြားပဲ ဆွဲဆွဲငင်ငင်ဆူဆူညံညံအပြိုင်အဆိုင်အော်နေကြတဲ့အသံတွေပဲကြားနေရသည်။ လူ့လောကထဲရောက်လာတာမကြာတကြာ အရွယ်မတိမ်းမယိမ်းကလေးငယ်တွေကို ချော့သူချော့စသူကစနဲ့ အမျိုးမျိုးနှုတ်ဆက်နေကြတဲ့အခန်းကို ပတ်ပတ်လည်တချက်ခေါင်းလေးဝေ့ခါစပ်စုလိုက်ပြီး အရှေ့က၂၄နာရီပင်မပြည့်သေးစွာရောက်ရှိလာတဲ့ မိသားစုဝင်အသစ်ကလေးဆီကို ကျွန်တော့်မျက်လုံးတစုံပို့လိုက်မိသည်။

"အေးပါကွယ် ကလေးရယ်တိတ်ပါကွယ်"

လွန်ခဲ့သောဆယ့်ငါးမိနစ်ကျော်ကျော်ကတည်းက ရောက်လာတဲ့ကျွန်တော်ကို

"သားကြီး ဒီမှခဏထိုင်နေအုံး"

ဆိုပြီး ငိုနေတဲ့ကလေးငယ်ကိုချော့မြူကာ နို့တိုက်ဖို့ကြိုစားနေတဲ့မေမေဆီက ကော့လန်ရုံးရုံးထွက်နေတဲ့ကလေးငယ်ကမမောနိုင်မပန်းနိုင်ပင်။ ငါးနှစ်စွန်းရုံသာရှိသေးတဲ့ကျွန်တော်ဆီကို

"ငါသားလေးအဖော်ရပြီကွ။ ညီလေးလိုချင်လားညီမလေးလိုချင်လား။"

မေးလာတဲ့ဖေဖေနဲ့မေမေကို ဘာပြန်ဖြေခဲ့သလဲ ကျွန်တော်သေချာမမှတ်မိတော့ပါ။ သို့ပေမယ် သေချာတာတခုက ဒီမိသားစုဝင်အသစ်ကလေးကြောင့် အမြဲအနားမှာရှိနေတဲ့မေမေသည်ရံဖန်ရံခါအနားမှာမရှိပေ။ အမြဲဂရုတစိုက်ဝေရာဝစ္စလုပ်ပေးတဲ့မေမေက

"သားကြီးကိုယ်ဘာသာကိုယ်လုပ်လို့ဖြစ်တယ်မှတ်လားလုပ်လိုက်တော့နော်"

ဆိုပြီးလျစ်လျူရှုခဲ့လို့ ဒီကလေးငယ်ကို ကျွန်တော်အမြင်မကြည်ခဲ့သည်ကိုတော့မှတ်မိသည်။ အခုလဲကျွန်တော်ကိုဂရုမစိုက်ပဲ ဒီအသစ်လေးကိုချော့မြဲချော့နေလေရဲ့။

စူးစူးဝါးဝါးငိုနေသည့်ကလေးငယ်ကို အလိုမကျဟန်ကြည့်ပြီး မက်တပ်ရပ်ကာကုတင်နားကပ်လိုက်တော့

"သားညီကဆိုးတယ်နော်"

လို့ပြောလိုက်တဲ့မေမေကိုမော့ကြည့်မိသည်။ ဖရိုဖရဲအဖြူရောင်အနှီးကြာမှ ထိုးထွက်ပြီးယက်ကန်ယက်ကန်ဖြစ်နေတဲ့ လက်ဖွေးဖွေးလေးတစ်ဖက်ကို ဖမ်းဆွဲလိုက်တော့ ကွေးကောက်စွာဆုပ်ထားတဲ့လက်ချောင်းကလေးများက လှမ်းကိုင်ထားတဲ့ကျွန်တော့်လက်ချောင်းတွေထဲမှ လက်ညှိုးနဲ့လက်ခလယ်ကို ဒီကောင်လေးဘယ်လိုဆုပ်ကိုင်မိလဲ ကျွန်တော့်သတိမထားမိခဲ့သလို လိုတာဝယ်ပြီးပြန်လာတဲ့ဖေဖေကိုလဲ သတိမထားမိခဲ့ပေ။ လက်သေးသေးလေးတွေကြားထဲရောက်နေသော လက်နှစ်ချောင်းကို ရုန်းရန်လှုပ်လိုက်ခြင်းက ထိုကောင်ငယ်လေးကို လှုပ်ခါဆော့ပေးလိုက်သည့်နှယ် အော်ငိုနေတာလေးတွေ တိခနဲရပ်သွားလေသည်။ ရုတ်တရက်ကြီး အငိုတိတ်သွားသော ကောင်လေးကို ကြောင်အစွာငေးကြည့်နေတုန်း

"သားချော့မှပဲရတော့တယ်။ သားကိုမျှော်နေတာထင်တယ်။

လို့ပြောလာသောမေမေနှင့်

"ဒီကောင်တော့ကွာ ငါ့သားကိုပင်ပန်းအောင်လုပ်တော့မှာကွ"

လို့ပြောပြီးရီနေကြတဲ့မိဘနှစ်ပါးနဲ့ အငိုတိတ်ပြီးနို့ဆို့သွားတဲ့ကောင်လေးတို့ကို ကြည့်ပြီးပြုံးမိသည်။

💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫

You've reached the end of published parts.

⏰ Last updated: Dec 19, 2020 ⏰

Add this story to your Library to get notified about new parts!

What a Wrong?Where stories live. Discover now