01

968 52 0
                                    

no pov'

''Hoseok ရေ ဒီနေ့ roommateတစ်ယောက်လာလိမ့်မယ်''

Hoseokတစ်ယောက် ဆေးရုံကုတင်ပေါ်ကနေ လှဲနေရင်းကပင် nurseမလေးစကားကြောင့် ချက်ချင်းထထိုင်လိုက်လေသည်
ချက်ချင်းဆိုသလိုလဲ ပျော်သွားလေသည် ဆေးရုံမှနေတာ ခြောက်လလောက်ရှိသော်လည်း အခန်းထဲတွင် roommateတစ်ယောက်မှ မရှိသောကြောင့် အမြဲပျင်းနေတာ အခုတော့ လူနာတစ်ယောက်ရောက်လာမယ်ဆိုတာကြောင့် စိတ်တွေလှုပ်ရှားမိလေသည်

Hoseokလဲ ရှိသမျှအားလေးနဲ့ အခန်းကိုသန့်ရှင်းရေးလုပ်ရင်း အနောက်က တံခါးဖွင့်သံကြားတော့ လှည့်ကြည့်လိုက်လေသည်
တံခါးဝတွင်တော့ Hoseokရဲ့ personal nurseဖြစ်တဲ့ Ambedကိုတွေ့ရလေသည်

''သူလာပြီ Hoseok''

Amberလဲ တံခါးကို အဆုံးထိဖွင့်လိုက်တော့ အညိုရောင်ဆံပင် နဲ့ Hoseokထက် အရပ်အနည်းငယ်နိမ့်တဲ့ ကောင်လေးကိုတွေ့ရလေသည်
ထိုကောင်လေးရဲ့မျက်နှာဟာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး မျက်မှောင်လဲကြုတ်ထားပြီး လက်ထဲမှာတော့ notebookလေးတစ်အုပ်ကို ကိုင်ထားလေသည်

Hoseokလဲ ထိုကောင်လေးရှေ့သွားလိုက်ပြီး ပြုံးလိုက်ကာ လက်ဆွဲနှုတ်ဆက်ဖို့ လက်တစ်ဖက်ထုတ်ပေးလေသည် သို့သော်လည်း ထိုကောင်လေးမှာ မလှုပ်မယှက်နဲ့ Hoseokကိုသာ စိုက်ကြည့်နေလေသည်
အချိန်နည်းနည်းကြာတော့ ဘာမှမလုပ်တာနဲ့ Hoseokလဲ ကမ်းထားတဲ့ လက်ကို ရှက်ရှက်နဲ့ပဲ ပြန်ရုတ်သိမ်းလိုက်ပြီး လည်ပင်းကိုသာ ပွတ်ပြီးရယ်နေလေသည်

''Hello ငါကမင်းရဲ့ roommate Hoseokပါ Jhopeလို့ခေါ်လဲရတယ်''

သို့သော်လဲ ထိုကောင်လေးမှာ မလှုပ်မယှက်နဲ့ Hoseokကိုပဲ မျက်မှောင်ကြုတ်ပြီး ကြည့်နေလေသည်
အဲ့တော့ Amberကပဲ

'' Hoseokရေ ဒါက Jiminတဲ့ နင်ရဲ့ roommate နင်တို့နှစ်ယောက်ထဲက တစ်ယောက်က ဆေးရုံမဆင်းခင် အထိ roommateတွေဖြစ်နေကြမှာ''

''aww omm ကျေးဇူးပဲ amber''
Hoseok လဲပျော်ရွှင်တဲ့အသံနဲ့ Amberကို ပြောလိုက်လေသည်

TBC
#Thank
#YM

Sick(✅✅)Where stories live. Discover now