(အပိုင်း-၂၀ ဆိုပေမယ့် အပိုင်း-၁၈နဲ့ သိမ်းသွားခဲ့တာ တောင်းပန်ပါတယ် နတ်မင်း တစ်ပါးပါးကို အခြေတည်ပြီး ထပ်တစ်ပုဒ်ရေးချင်ပေမယ့် ချီးရှီကိုလား ကျိုးရှီလား ဟုန်လျန်လား ဆိုတာ သေချာ မရွေးရသေးလို့ ကြာပါအုံးမည်နော်)
'ရှီး!!..'
သူ့အသံဟာ ကျယ်လောင်လွန်းတယ်။ ရင်နာတယ် ဆိုတာကို ပင်းရှီ နားလည်တတ်တဲ့ အချိန်ကစပြီး နာကျင်မှုဟာ နှိုင်းစရာ စကားမရှိဘူး။ သုံးတောင်ထု ရှိတဲ့ ရေခဲထဲမှာ မင်းလို လူသားဟာရှင်သန်လို့ ရမှာ မဟုတ်ဘူး နာရီ အနည်းငယ်အတွင်းမှာပဲ မင်းဟာ သေဆုံးသွားမှာ။ ရှီးဟာ ပြုံးနေတယ်။ အပြုံးလေးဟာ လှလွန်းလို့ ပင်းရှီ ရူးမတတ်ပဲ။
ကျိုးရှီဟာ ပင်းရှီးရဲ့ စွမ်းအားတွေ အကုန်လုံးကို ပိတ်ပင်ထားတယ် လက်ရှိမှာ ပင်းရှီဟာ သာမာန်လူထက် မပိုဘူး။ မာနကြီးပါတယ် ဆိုတဲ့ ပင်းရှီဟာ.. ကျိုးရှီ ရှေ့ကို ပြေးသွားတယ်။ ပြီးတော့ ဒူးထောက်တယ်။ ကျိုးရှီရဲ့ ဝတ်ရုံစကို အားကိုးတကြီး ဆုတ်ဆွဲထားတယ်။ ဒါဟာ ပင်းရှီရဲ့ ပုံရိပ်တွေကို ထိပါးစေတယ်။ ဒါပေမယ့် ပင်းရှီ ဂရုမစိုက်ဘူး။ လောလောဆယ် ကျိုးရှီသာ သူ့စွမ်းအား ပိတ်ပင်ထားတာကို ဖြည်ပေးရင် သူ ရှီးကို ကယ်တင်နိုင်မယ်။ ပင်းရှီမှာ မာနတွေ မရှိနိုင်တော့ဘူး။ သူ့စိတ်ထဲမှာ တစ်ခုတည်း ရှိတဲ့အရာဟာ ရှီးပဲ။
'ကျိုးရှီ.. သူ့ကို ကယ်ပါ.. သူ့ကို ကယ်ပေးပါ.. ကျေးဇူးပြုပြီး.. ငါ.. ဘာလုပ်ပေးရမလဲ.. ငါ အားလုံးလုပ်ပေးမယ်.. မင်း သူ့ကို ကယ်ပေးပါ..'
ကျိုးရှီက သူ့ကို ကြည့်နေရင်းက မဖြစ်နိုင်ဘူးဆိုတာကို မျက်လုံးတွေနဲ့ပဲ ပြောတယ်။ ကျိုးရှီလို သမာသမတ်အကျဆုံး နတ်မင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့နတ်ဟာ.. ရှီးကို ကယ်တင်ဖို့ ဘယ်လိုမှ ခွင့်ပြုမှာ မဟုတ်မှန်း ပင်းရှီ သိတယ်။ ဒါပေမယ့် သူသာ မာန သိက္ခာ နောက်ပြီးတော့ မောက်မာမှု အရာအားလုံးကို ချနင်းပြီး တောင်းဆိုနေတာ။
'သူ့ကို ကယ်ပေးပါ.. ကျိုးရှီ.. ငါ..'
ကျိုးရှီဟာ အလွန်အမင်း စိတ်မကောင်းတဲ့ မျက်နှာနဲ့ မျက်နှာလွဲသွားတယ်။ ပြီးတော့ တောင်သမုဒ္ဒရာကနေ ပျောက်ကွယ် သွားတယ်။ ပင်းရှီ အဲ့နေရာမှာပဲ ပြိုလဲကျပြီး ကျန်နေခဲ့ရတယ်။ သုံးတောင်ထု ရှိတဲ့ ရေခဲအောက်ခြေမှာ.. သူရဲ့ ချစ်လှစွာသော လူသားငယ်လေး ရှိတယ်။ အခုတော့ လူသားလေး မဟုတ်တော့ဘူး ဆိုရင်တောင် ပင်းရှီဟာ သူလေးကို အထိခိုက် မခံလိုဘူး။
YOU ARE READING
တစ်ခါတုန်းက ကောင်ကင်နန်းတော်မှာ...The Legend of Heaven
Romanceရေးသားသူ - စွဲညို့ သဘာဝတရားမိခင်ရဲ့ ပထမဆုံးသော သားတော်၊ ရေခဲနတ်မင်း ပင်းရှီ၊ သာမန်လူသားငယ်လေးကို နှစ်သက် သဘောကျသွားပြီးတဲ့နောက်မှာ လူသားသဘာဝတွေ ကင်းဝေးနေတဲ့ နတ်မင်းတစ်ပါးနဲ့၊ အနိမ့်စားအဆင့်သာ ရှိတဲ့ နတ်စွမ်းအားမဲ့ လူသားငယ်လေးတို့က ဘယ်လိုတွေ ချစ်ကြိ...