Chapter (32)

200 23 0
                                    

ကျောင်းစဖွင့်ပြီးနောက်နေ့တစ်ယောက်တည်းငိုင်နေသောသူ့ကို သူသတိထားမိခဲ့သည်။

နှုတ်ခမ်းလေးကဆူပုတ်ပုတ် ပါးလေးကဖောင်းဖောင်းဖြင့်အမြင်တစ်မျိုးဆန်းနေ၏။

အများတကာဆို နှုတ်ခမ်းဆူထားလျှင် " ဟင်း..သူ့လုပ်စာကိုတစ်နိုင်ငံလုံးထိုင်စားနေရတဲ့ ရုပ်နဲ့   ....ကျက်သရေကိုမရှိဘူး " လို့ပြောကြပေမယ့်...သူ့ရဲ့ ဆူပုံဆူနည်းက အမြင်ကတ်စရာမကောင်းဘဲ ချစ်ဖို့ကောင်းနေ၏။

ကျောင်းသားသစ်မှန်းသိလိုက်ပြီး EC တစ်ယောက်အနေဖြင့် သူနဲ့စကားပြောဖို့အခွင့်အရေးရခဲ့သည်။

သူ့ကိုစကားဖော်ဖော်ရွေရွေပြန်ပြောခဲ့သော ပါးဖောင်းလေးကို သူအကြည့်မလွှဲနိုင်ခဲ့..

သူ့နာမည်ကိုသိခဲ့ရသည်။ Park Jae Hwan တဲ့။
ဒါပေမယ့် သူ ချစ်စနိုးနာမည်ပေးလိုက်သည်။ ဘဲပေါက်စီတဲ့.....

နာမည်လေးကပါတစ်မျိုးဆန်းနေ၍ သူ့ကိုယ်သူရယ်မိသေးသည်။ ငါနာမည်ပေးအရမ်းတော်ပါလားလို့ပေါ့.....

အချိန်ရရင် ရသလိုသူ့အနားသွားပြီးစကားစမြည်ပြောခဲ့သည်။

သူ့အနားသွားတိုင်းရတတ်တဲ့ Clean ရေမွှေးနံ့လေးကိုသူကြိုက်တတ်နေပြီ...

Clean လို့သိရခြင်းကလဲ သူကိုယ်တိုင် သူ့ရှေ့မှာဆွတ်နေတာတွေ့ခဲ့တာကိုး..

သူကပြောသည်။
ယောက်ျားလေးတွေက ရေမွှေးဆွတ်မှတဲ့...အဲ့တာမှဆော်ကြည်မှာဆိုပဲ....

သူဒီလောက်အချိန်ရရင်ရသလို အမြဲအနားမှာတောက်တဲ့လိုကပ်နေတတ်ပေမယ့်လည်း အတန်းခေါင်းဆောင်ဖြစ်သည့်အတွက် ကျောင်းကိစ္စကရှိသေးသည်။

တစ်ခါက သူတို့ အကတိုက်ရင်း ဒူးထိသွားသည်။

Minhyun က သူ့ကို ကျောပိုးလာတာတွေ့လိုက်ရတော့ သူ့မှာစိတ်ပူလိုက်ရတာလေ...

အနောက်ကပြေးလိုက်ပြီး ဆေးခန်းအတူသွားခဲ့သည်။

ဆရာဝန်ကသူ့ခြေထောက်ကိုစမ်းသပ်ကြည့်တော့ သူ့မျက်နှာလေး နာကျင်မှုကြောင့် ရှုံ့ သွားတာမြင်လိုက်တိုင်း သူ့ရင်ထဲမှာလည်းနာကျင်ရသည်။

Parallel Lines (ဆုံမှတ်မရှိ)(Minhwan)Where stories live. Discover now