Pt.1

131 9 0
                                    

စိမ်းစိုနေတဲ့မြက်ခင်းပြင်ကြီးပေါ်မှာချစ်ခင်စွာပြေးလွှားနေတဲ့ကလေး၂ယောက်....သူတို့ကတော့၅နှစ်အရွယ်Hwang MinHyunနဲ့ Hwang MinJaeလို့ခေါ်တဲ့အမြွှာညီအစ်ကို၂ယောက်.....

သူတို့ညီအစ်ကို၂ယောက်ဟာ၁ယောက်ကို၁ယောက်သိပ်ချစ်ကြတယ်.....သူတို့ရဲ့ဘဝ အကြောင်းပြောရမယ်ဆိုရင်တော့သူတို့ဟာအရမ်းကိုချမ်းသာတဲ့မိဘတွေကမွေးဖွားလာပြီးတော့သူတို့မိဘတွေကတော့H & J လို့ခေါ်တဲ့အဝတ်အစားကုမ္ပဏီကိုပိုင်ဆိုင်တယ်

တနေ့တော့ သူတို့အိမ်ကအဒေါ်ကြီးက အပြင်မှာအမှိုက်သွားပစ်တုန်းခြံ တံခါးကိုမေ့ပြီးဖွင့်ခဲ့မိတယ် ကလေး၂ယောက်ကလည်းဘောလုံးကန်နေကြတယ် MinHyun ကန်လိုက်တဲ့ဘောလုံးဟာ ခြံတံခါးကိုကျော်ပြီးကားလမ်းဘက်ကိုလှိမ့်သွားတယ် သူ့ညီလေးMinJaeကလည်း"Hyung,ခန...MinJaeသွားကောက်မယ်"ဆိုပြီးဘောလုံးနောက်ကိုလိုက်သွားရင်း...လမ်းကလည်းကုန်းလျှောဆိုတော့ဘောလုံးကလည်းလှိမ့်သွားရင်းနည်းနည်းဝေးဝေးက်ုရောက်သွားပြီး MinJaeလေး၁ယောက်လမ်းပျောက်သွားခဲ့တယ်.....

အဒေါ်ကြီးပြန်ရောက်တော့ "Minhyun yah,MinJaeကော"လို့မေးတော့ MinHyunက "ဘောလုံးသွားကောက်တာပြန်မလာသေးဖူး"လို့ပြောရင်းသူ့ညီလေးပျောက်သွားပြီဆိုပြီးဝမ်းနည်းစွာငိုနေတော့အဒေါ်ကြီးလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာနဲ့သူ့မိဘတွေကိုဖုန်းဆက်ကာဖြစ်ကြောင်းကုန်စဉ်ပြောပြတော့ ရုံးကနေပြန်ရောက်လာကြပြီးMinJaeလေးကိုသည်းကြီးမည်းကြီးလိုက်ရှာကြတော့တယ်

အမွှာလေးတို့အမေလည်းသူ့သားစိတ်နဲ့ဘာဆိုဘာမှမမြင်တာ့ပဲ "MinJae yah !!!MinJae yah!!! Omma ဒီမှာလေ"ဟုအော်ဟစ်ကာရူးမတတ်ရှာနေလေတယ်....တဖက်မှာသူတို့အဖေကလည်းသူ့လူတွေဖြန့်....ရဲတွေကိုအကူညီတောင်းကာနေရာအနှံ့လိုက်ရှာနေသည်...ဒါမယ့်MinJaeကိုလုံးဝရှာမတွေ့ပါ

MinJaeလေးကလည်းအရမ်းကိုတုန်လှုပ် ကြောက်ရွံ့ပြီးငိုရင်းအိမ်ကိုပြန်ရောက်လိုပြန်ရောက်ညားလျှောက်သွားရင်းအိမ်နဲ့ပိုပိုဝေးသွားသည်ကိုမသိ.....

MinHyunကလည်း သူ့ကြောင့်သူ့ညီလေးပျောက်သွားတယ်လို့ပဲစိတ်ထဲထင်ပြီးးးတနေ့တနေ့အခန်းထဲမှာငူငူငိုင်ငိုင်လေးဖြစ်နေရှာတော့တယ်အဲလို့နဲ့MinJaeလေးကိုရှာလို့မတေ့ခဲ့ပါဖူး..သူ့မိဘတွေလည်းMinJaeလေးစိတ်နဲ့အရမ်းဝမ်းနည်းပြီးစိတ်ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေရလေတယ်

တဖက်မှာလည်းMinJae လေး ၁ယောက် ကို အသက်၂၀ ကျော်ကျော် ၃၀ လောက်ရှိမယ့်မိန်ကလေး၁ယောက်ကတွေ့သွားတယ်

သူကတော့ လတ်တလောတင် Car accidentကြောင့် သားဦးလေးကိုဆုံးရှုံးထားတဲ့မိခင် Yoon Ji Ah....အရမ်းမချမ်းသာပေမယ့် သူ့ခင်ပွန်းက ကုမ္ပဏီ ဝန်ထမ်း သူကတော့ Fashion Shop ၁ခုက designer ၁ယောက်..

သူက သူ့သားလေးကို ဆုံးရှုံးထားတော့ MinJaeလေး ငိုနေတာတွေ့တော့ သူ့သားလေးကိုအရမ်းသတိရသွားပြီး သူလည်းစိတ်အရမ်းမကောင်းဖြစ်သွားတယ်...MinJaeကိုရဲစခန်းပို့ပေးမယ်လို့အလုပ်...သူ့စိတ်ထဲMinJaeကိုတအားချစ် တော့ သူ့သားလေးအဖြစ်မွေးစားဖို့လောဘ တက်နေမိတယ်

အဲလိုနဲ့ သူလည်း MinJae လေးကိုမွေးစားဖို့ဆုံးဖြတ်ပြီး သူ့အိမ်ကိုခေါ်လာခဲ့တယ်

*မိတ်ဆက်ဖို့မေ့သွားလို့ပါနော် အမွှာလေးတို့အမေနဲ့အဖေနာမည်က Jung Seo Yu နဲ့ Hwang Jonghyun ပဲဖြစ်ပါတယ်နော်*

Endless love (MinHyun ×  OC)Where stories live. Discover now