ပြိုင်ပွဲတွင်အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ကျောင်းဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ဂျပန်မှာလျှောက်လည်ခွင့်ရခဲ့ကြသည်။
တစ်ယောက်တစ်ပေါက် ဟိုသွားချင်တယ် ဒီသွားချင်တယ် ပြောနေကြသူတွေကြားမှာ chanyeolဘာမှဝင်မပြောသလို kyungsooကလဲငြိမ်နေသည်။ kyungsoo သွားချင်တယ်ပြောတဲ့နေရာကို လိုက်မည်ဟုစဉ်းစားထားသော်လဲ အနှီကောင်လေးဟာ တစ်ခွန်းမှမဟ။ အကုန်လုံးကို မျက်လုံးတောက်တောက်လေးတွေနှင့်ကြည့်ကာ ပြုံးနေသည်။
*Soo မင်းဘယ်သွားချင်လဲပြောဦးလေ*
Kaiက kyungsooပခုံးကိုဖက်လိုက်ကာ မေးလိုက်သည်။*မင်းတို့သွားတဲ့နေရာကိုလိုက်မယ်လေ ဘယ်နေရာပဲဖြစ်ဖြစ်ငါမှမရောက်ဖူးတာ အကုန်အဆင်ပြေတယ်။*
*Wuri sooလေးက လိမ္မာလိုက်တာ ဟိုကောင်နှစ်ကောင်နဲ့များကွာပ*
Kaiက kyungsooပါးလေးကို လက်လေးနှင့်အသာညှစ်၍ ဆိုလာသည်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ အရမ်းကိုကြင်နာတဲ့ချစ်သူတွေနှင့်တူသည်ဟု chanyeolခံစားရသည်။ ထိုအတွေးဝင်လာတာနှင့် ဘယ်ဘက်ရင်အုံကအောင့်လာသလို~~~*ဟေ့ကောင် kai မင်း အပိုတွေလုပ်ပြမနေနဲ့ မင်း sooကိုကြိုက်နေတာလား ကြိုက်နေရင်လဲအချိန်ကိုစောင့်မနေနဲ့ မြန်မြန်ဖွင့်ပြောလိုက်*
baekhyunရဲ့စကားကို kyungsooက မျက်စောင်းထိုးကာတုံ့ပြန်လိုက်ပေမယ့် kaiကတော့ရယ်လျက်ပင်*တကယ်ပဲပြောလိုက်ရတော့မလား?*
ပြောရင်းနဲ့ တဖြည်းဖြည်း kyungsooမျက်နှာနားကို တိုးကပ်လာတဲ့kaiကြောင့် chanyeolထအော်မိတော့သည်။*ဒီနေ့အဖို့သွားလည်ဖြစ်ကြဦးမှာလား လာကြတော့သွားမယ်*
ဒေါသတကြီးအော်ကာ ရှေ့မှထွက်သွားသော chanyeolကို အကုန်လုံးက နားမလည်နိုင်စွာကြည့်ရင်း အနောက်မှလိုက်လာကြတော့သည်။ baekhyunကတော့ တစ်ယောက်ထဲကြိတ်ရယ်၍သာ~~~
ESTÁS LEYENDO
Under the mistletoe (Complete)
RomanceYour lips on my lips, that's a Merry Merry Christmas.