" မေမေ ဘာပြောလိုက်တယ် "
စကားကို နားမလည်စွာ ပြန်မေးလိုက်မိသည့်အဆုံး ပြန်ရလိုက်တာ မေမေ့ဆီိမှ ရတိပြတ်စကားတခွန်း
" ဟုတ်တယ် သားမာန် သား သူနဲ့လက်ထပ်ရမယ် "
စက္ကမာန်ရှေ့ စားပွဲပေါ်တွင် တင်ထားသော စာအိတ်တွဲ တခုအား မျက်စပြစ်ကာပြသည်။စက္ကမာန် မကြည့်ဖြစ်ပါ ထိုသူဘယ်သူဘယ်ဝါဖြစ်ဖြစ် စက္ကမာန်စိတ်မဝင်စားပေ။စက္ကမာန်တွေးနေတုန်းမှာပင် မေမေကစကားဆိုလာပြန်သည်။
"သားမာန် မေမေ့ကိုမျက်နှာပျက်အောင်မလုပ်ဖူးမလား"
မျှော်လင့်တကြီးမေးလာသော မေမေ့ကိုလည်း နားမလည်နိုင်တော့ပေ။သားကို ယောကျာ်းပေးစားရတယ်လို့ ။စက္ကမာန်တခါမှမတွေးခဲ့ဖူးပါ။ဟင့်အင်းး အိမ်မက်တောင်ယောင်လို့မမက်ခဲ့။စက္ကမာန် အတွေးထဲ မ ဆိုသည့် နှင်းဝသုန် တစ်ယောက်ပင်ရှိခဲ့သည်။စက္ကမာန် ဆုံးဖြတ်ချက်တခုချကာ ထိုင်ရာမှထရပ်ရင်း
" သားမလုပ်နိုင်ဖူးမေမေ သားတောင်းပန်ပါတယ်"
ထိုမျှသာ ပြန်ပြောရင်းကားသော့ကိုဆွဲကာ ထွက်လာခဲ့သည်။
"သားမာန် သားမာန် လာပြန်ထိုင်စမ်း "
ကားပေါ်ရောက်သည်ထိမေမေ့ခေါ်သံကြားပါသော်လည်း ပြန်မလှည့်ဖြစ်ခဲ့။ဒီတစ်ခါတော့ သား စိတ်အတိုင်းလုပ်ပါရစေမေမေ။မေမေ့ကိုစိတ်ဆိုးမိသည်။မေမေစီးပွားရေးအဆင်မပြေတာ သိသော်လည်း ဒီလောက်ထိသားတယောက်လုံးကို အရောင်းအဝယ်လုပ်မည်မထင်ခဲ့ ။ ထိုသူကကော မငြင်းခဲ့ဖူးလား သူကယောကျာ်းလေးတယောက်ကို လက်ထပ်မည်တဲ့ ဟက်။ ထိုလူအကြောင်းတွေးမိမှ စားပွဲပေါ်တင်ထားသော စာအိတ်အားသတိရမိသည်။သူဘယ်လိုဘယ်ပုံရှိမည်နည်း။
အတွေးတွေက စိတ်ရှုပ်လာသောကြောင့် ခေါင်းမှဆံပင်ကိုခပ်ကြမ်းကြမ်းဖွကာ ကားစီယာတိုင်ကို ခပ်တင်းတင်းပြန်ကိုင်မိသည်။
"ဒီ ချိန် မကော ဘာလုပ်နေမလဲ ဟုတ်တယ် မဆီသွားရမယ် မကို ရင်ဖွင့်ရမယ် "
ဘယ်ဘက်လက်ပေါ်က ရွှေရောင်နာရီလေးအား ငုတ်ကြည့်မိတော့ နာရီလက်တံက ၁၂ကိုပြနေတာကြောင့် အရမ်းပျော်သွားသည်။ မ က ကျောင်းဆရာမလေးမို့ ၁၂နာရီကျောင်းဆင်းချိန်ဖြစ်၍ မ ရှိရာ အထက(၁)ကျောင်းသို့ အပြေးမောင်းလာမိသည်။ကျောင်းရှေ့ရောက်တော့ မရဲ့ ဟန်းဖုန်းကို ဆက်တော့ ဆက်သွယ်မရဖြစ်တာနဲ့
မ ရှိရာ ကျောင်းဝန်းထဲလိုက်ရန် ကားတံခါးမှဆင်းလိုက်စဉ် တွေ့လိုက်ရတဲ့မြင်ခွင်းက တစ်ဖက်လမ်း ကားပေါ်မှဆင်းလာတဲ့ မ။ ရယ်မောကာ ထိုလူကားတံခါးဖွင့်ပေးသည်ကို နှစ်ချိုက်စွာပြုံးပြနေတဲ့ မ ။
ဟင့်အင်းး မ အပြုံးတွေက ကျွန်တော့အတွက်ပဲ။ထူပူလာတဲ့ ဒေါသအဆုံး မပြုံးပြနေသော ဘဲကြီးဆီ သွားကာ ဆွဲထိုးလိုက်မိသည်။မ ကတော့ တစ်ချက်ကြောင်သွားပေမဲ့ နောက်မှ အသိဝင်လာသည်နှင့်" ဟဲ့ မာန် နင် နင် ဘယ်လိုလုပ်လိုက်တာလဲ "
လဲကျသွားသော ထိုသူအားလက်မောင်းရင်းမှကိုင်ကာ တွဲထူပေးနေသောမ။ မ မျက်နှာပေါ်က ထိုလူအတွက်စိုးရိမ်မှုတွေက ကျွန်တော့အားသွေးပျက်စေခဲ့သည်။
" မ ကျွန် ကျွန်တော် "
မလက်မောင်လေးနှစ်ဖက်အားလှုပ်ရမ်းကာ ပြောလိုက်ချင်ပါသည်။ 'မ ကို သိပ်ချစ်လို့အဲ့လိုလုပ်မိပါတယ်ဆိုတဲ့အကြောင်း'
လက်တွေ့မှာတော့ စွံ့အနေတဲ့ကျွန်တော် မ စကားကြောင့် ကျဆုံးသွားခဲ့သည်။" တော်တော့ မာန် မင်း အရမ်းရိုင်းတယ်
နောက်တခါ ငါ့ရှေ့ထပ်ပေါ်မလာနဲ့ "
ထိုသူအားတွဲကာ ကျောခိုင်းသွားတဲ့ မကျောပြင်လေးအားကြည့်ရင်း ထိုနေရာမှာပဲရပ်နေမိသည်။ မ ကပါ မကပါ ကျွန်တော့ကိုထားသွားတာလား။မ က ကျွန်တော့ချစ်သူလေ မနဲ့ကျွန်တော် ၃နှစ်တာဇာတ်လမ်းက ဒီလို အဆုံးသတ်တာလား မရယ်။ ခပ်လှန်းလှန်းရောက်မှ ရပ်တန့်သွားတဲ့ မ ကြောင့် ကျွန်တော်ပျော်သွားမိသည်။ မ ပြန်လာမှာပါ မက အဲ့လိုမှမဟုတ်တာ။ မ ပြန်လှည့်ကြည့်ခဲ့ပါသည်။သို့သော်
" အော် မေ့နေလို့ ဒါ ငါနဲ့စေ့စပ်တော့မဲ့
ဦးနေဗလတဲ့ "
ဤမျှသာပြော၍ ထပ်မံကျောခိုင်းလိုက်တဲ့မကြောင့် ကျွန်တော့ ကမ္ဘာကြီးရပ်တန့်သွားခဲ့သည်။
YOU ARE READING
ငြိုးမျက်မပြေ
Romanceထူးထူးခြားခြားတော့ရေးမနေတော့ပါဘူး ဖတ်သာကြည့်လိုက်ပါ စက္ကမာန် (Uke) Age - 20 ဘုန်းသိုက်မာန် (Seme) Age-32