" ငါလေ "
MH ၏ ချက်ချင်းတန်းပေးလိုက်သောအဖြေကြောင့် Jiwoo ရော JH ပါ အလန့်တကြားဖြစ်သွားကြသည်။သူတို့ ၂ယောက်က ချစ်သူတွေမှန်း Jiwoo သိနေပါသော်လည်း အချိန်တစ်ခုထိတော့ ဖုံးဖိထားလိမ့်မည်ထင်ခဲ့သည်။
အခုတော့ ပြောင်ပြောင်တင်းတင်းဖြေချလိုက်သော MH ၏ အဖြေကြောင့် ရှေ့ဆက်ပြောရမည့်စကားများပင် အစပျောက်သွားရတော့၏။
ခဏတာ ကသိကအောက်ဖြစ်မှုကို JH ကဖြိုခွင်းလိုက်သည်။
" Hyung ကဒီလိုဘာလာလုပ်တာလဲ "
" ဘာလာလုပ်ရမှာလဲ...ဒီမှာဒါကဘာလဲ "
MH ကလက်တစ်ဖက်ကိုမြှောက်ပြလိုက်၏။" ဩော်....Jjaeni ထမင်းချိုင့်ပဲ ..hee hee "
JH ကပြောလဲ ပြော ရယ်လဲရယ်လိုက်သည်။" အခုမှရယ်မနေနဲ့ ..ကိုယ်ဒီနေ့မအားလို့ နေ့လည်စာအတူတူမစားနိုင်ပါဘူးလို့ပြောထားတာတောင် မေ့ဖြစ်အောင်မေ့သေးတယ် ....ထမင်းငတ်ချင်လို့ " MH ကပြောရင်း JH ရဲ့ပါးလေးကိုဆွဲလိုက်သည်။ ထို့နောက် အရှေ့ဆံပင်လေးကိုဖွလိုက်၏။
Jiwoo ရှေ့မှာမို့ MH ပိုလုပ်ပြလိုက်သည်။
ထိုစဉ် jiwoo တစ်ယောက်ပြန်ထိုင်လိုက်ပြီဖြစ်၏။
" ဒါဆို hyung သွားပြီနော်...စာပို့လိုက်မယ်သိလား "
" nae hyung "
MH ကထွက်မသွားခင် လက်ချောင်းလေးဖြင့် အသဲလေးလုပ်ပြသွားသေးသည်။
JH က မျက်လုံးတစ်ဖက်ပြန်မှိတ်ပြလိုက်သည်။
ထို့နောက်သူ့နေရာသူပြန်ထိုင်လိုက်မှပဲ ဘေးက Jiwoo ကိုသတိရသွား၏။
Jiwoo ငြိမ်ကျသွားတာကိုသူသတိထားမိလိုက်သည်။
အခုလဲ သူ့ကိုစကားလှမ်းမပြောသေး။ ဘာများဖြစ်သွားတာပါလိမ့်.....MH ပြောသွားတ တာကြောင့်လား.....ဒါကိုရော ငါဘယ်လိုပြန်ဖြေရှင်းရပါ့မလဲ....
" Jiwoo ya.. စောစောက လေ "
" ခဏလေး Jaehwan.. ငါ့ကိုဘာမှလာမပြောပါနဲ့ဦး...ခဏလောက် ဒီအတိုင်းလေးပဲထားပေးပါနော် "
jiwoo က သူ့ကိုမကြည့်ဘဲ ခေါင်းကြီးကိုငုံ့ကာပြောလိုက်၏။
YOU ARE READING
Parallel Lines (ဆုံမှတ်မရှိ)(Minhwan)
Fanficမျဉ်းပြိုင်နှစ်ခု ဟာ ဘယ်တော့မှ ဆုံတွေ့ကြမှာ မဟုတ်ဘူးလို့ လူတွေကပြောကြတယ်။ Theory အရတော့မှန်တာပေါ့။ Practical အနေနဲ့ ကိုယ် ဖြတ်မျဉ်းတစ်ကြောင်းဆွဲပြီး မင်းဆီ အရောက်လာမယ်ဆိုရင်ရော? (Unicode သီးသန့် ကိုအောက်ဆုံးမှာဖတ်နိုင်ပါတယ် ) /// မျဉ်းပြိုင်နှစ်ခု...