" ဟဟ ချစ်ရတဲ့ ဦး BaekHyunရဲ့ ကောင်လေး Park ChanYeol ရောက်လာပါပြီဗျာ ... "
" Yah ! မင်းတ်ို့မစနဲ့ကွာ ... "
ဆိုင်ထဲဝင်လာလာချင်း ကျနော့ကို အရွှန်းဝိုင်းဖောက်နေကြတဲ့ သူငယ်ချင်းတစ်စုကို ကျနော် စိတ်ပျက်နေတဲ့လေသံဖြင့်သာ တုံ့ပြန်မိလေသည် ... ။
" မဟုတ်ဘူးလား ... လူကြီးက ကြီးကောင်ကြီးမားနဲ့ အခုများတော့ BaekHyunဆိုတဲ့ ဦးကြောင့် မင်းက ကျားလိုမနေရဘဲ ကြောင်ဖြစ်သွားတာမလား ... "
" ဘယ်လိုနေရနေရ ကိစ္စမရှိဘူး ... အဓိက၊က ငါ ဦးကို ချစ်နေရင် ပြီးရောလေ ... "
ကျနော့ရဲ့ စကားအဆုံး သူငယ်ချင်းတစ်စုများဟာတော့ ကျနော့ကို " မင်းရူးနေပြီ " လို့ အားပါးတရ ဝိုင်းဖဲ့လာကြသည်လေ ... ။
သို့သော်လည်း ကျနော် ဂရုမစိုက်မိ ... ။
လိင်တူလူသားနှစ်ယောက်ချစ်ကြိုက်ကြတဲ့ ကိစ္စမှာ ဒါတွေက လိုလို့လား ... ၊ သို့သော်ငြား ရှင်းရှင်းပြောရရင် ဒီလိုကတော့ မဖြစ်သင့်ဟု ကျနော် ထင်သည် ... ။ကျနော်သည် ချစ်ရသူ "ဦး" ထက် ခေါင်းတစ်လုံးမျှ ပို၍ အရပ်ရှည်သည် ... ။
Cute Typeနှင့် Sexy Typeရောနှောနေတဲ့ ဦးရဲ့ မျက်နှာသွင်ပြင်ဖွဲ့စည်းမှုထက် ကျနော့ရဲ့ မျက်နှာကပို၍ ယောကျာ်းဆန်သည်ဟု ကျနော်ထင်သည် ။ သို့သော် ... သို့သော်ငြား ... ချစ်တတ်လွန်းသော ကျနော်သည် ဦးရှေ့ရောက်ရင် ဦးဆောင်သူမဟုတ်ဘဲ ဦးရဲ့နွေးထွေးမှုတို့်ကိုသာ ခံယူရသောသူ ဖြစ် , ဖြစ်သွားတတ်လေသည် ... ။အမှန်အတိုင်းဝန်ခံရရင် ဦးရဲ့ ကိုယ်လုံးသေးသေးလေးကို ကျနော့ရင်ခွင်ကျယ်ကြီးထဲ မြုပ်မတတ် ပွေ့ဖက်ထားချင်သည် ... ။
ကျနော်ကသာ ဦးကို များပြားလွန်းသော အချစ်များနဲ့ ပေးဆပ်ချင်သည် ... ။
သို့သော်ငြား ... ယခုကား ဤသို့မဟုတ် ။အစိုင်အခဲသေးသေးလေးပါပဲ ... ။
ဦးနဲ့ ကျနော့ရဲ့ကြားက အဆင်မပြေမှု အစိုင်အခဲသေးသေးလေးပါပဲ ... ။
YOU ARE READING
Just A Little
Short Storyတစ်ခါတစ်လေ ဘာမဟုတ်တဲ့ အစိုင်အခဲသေးသေးလေးတွေကလည်း ကျနော့တို့ကို ပြတ်စဲသွားချေနိုင်စွမ်းရှိတယ် " ဦး ” ရဲ့ … ။ ChanYeol - BaekHyun Mini Story ▪▪▪