Chapter-1

13.8K 635 49
                                    

(Unicode)

ပိန်းပိန်းတောက်မှောင်နေသော ကောင်းကင်ယံထက်
လျှပ်စီးကြောင်းကြီးများက လက်ခနဲ လက်ခနဲ ပေါ်လာပြီး
မကြာ ဂျိန်း ဂျလိန်း ဟူသော ကျယ်လောင်လှသော
မိုးခြိမ်းသံကြီးနှင့်အတူ မိုးစက်မိုးပေါက်များက
ကမ္ဘာမြေပေါ်သို့ အလုအယက်ပြေးဆင်းလာကြသည်။

သည်းသည်းမည်းမည်းရွာနေသောမိုးနှင့်လိုက်ဖက်ညီစွာ
လေများကလည်း တဟုန်ထိုး တိုက်ခတ်လျက်ရှိသည်။
ခပ်ကြမ်းကြမ်းတိုက်ခတ်သော လေ၏ ကျီစယ်မှုကြောင့်
သစ်ပင် ပန်းပင်များမှာလည်း မာန်ပါပါ ယိမ်းနွဲ့ကုန်ကာ
တချို့မှာလည်း ပြိုကျပျက်စီးကျကုန်ပြီ။

ချမ်အေးလှသော မိုးရေစက်တို့ကြောင့် အနားယူနေကြသော သစ်ရွက်ကလေးများသည် ထိုးထိုးထောင်ထောင်ဖြစ်လာရသည်။ရောနှောနေသော မိုးသံလေသံတို့သည်လည်း တောတခုလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဟစ်ကျွေးကာနေ၏။

ကြီးမားလှသော ကျောက်ဂူအတွင်းတွင် ဖယောင်းတိုင်မီး ၀ါဝါများ ဂူတစ်ခုလုံး ထွန်းညှိထားသည်၊ အနီရောင်ဇာလက်ကာများချထားသော ကျောက်ဖျာကုတင်ကြီးထက်တွင်တော့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးမွေးဖွားနေသည်။

လက်ကာစခြားထားသော အပြင်ဘက်တွင်တော့
အနက်ရောင် ၀တ်ရုံရှည်များ လွှမ်းခြုံထားသော
လူတစ်စုက ညီညာစွာရပ်နေသည်။

များမကြာမီ ခေါင်းဆောင်ဟု ယူဆရသော
အပြင်ဘက်တွင် နက်စွေ့နေကာ အတွင်းဘက်က
နီညိုရောင်ခြယ်သထားသော ကတ္တီပါရောင်
ခြုံလွှာကြီး လွှမ်းခြုံထားသူ၊၊

အသားအရည်တို့က သာမန်ထက်ဖြူစင်လျက်
နုပျိုမှု ၊ သေသပ်တ်ိကျသော မျက်နှာ
အချိုးအစား ၊ ခန့်ညားတည်ကြည်မှုနှင့်အတူ
အေးစက်တည်ငြိမ်သော ထိုသူ့မျက်နှာ...
သို့သော် စိုးရိမ်မှူ တချို့တ၀က်လည်း ပါနေသည်။

ထူထဲမည်းမှောင်နေသော မျက်ခုံးတန်းများက
တစ်ခုနှင့်တစ်ခု ထိစပ်လုနီးနီး စုကွေးထားရင်း
၀တ်ရုံနက်များရှေ့ကို ရပ်လိုက်သည်။

ထိုသူအရှေ့သို့ရောက်သည်နှင့် ၀တ်ရုံနက်အများက
ညီညာစွာ အရိုအသေပေးလိုက်ကြသည်...

PARALLEL [ Completed ]Where stories live. Discover now