*Bad Boy* Ep 1

1.2K 73 0
                                    

*Bad Boy *
NoMin 💘

Ep 1

Jeno သားရေ ထတော့လေ....
ကုတင်ဘေးမှထွက်ပေါ်လာသော အသံကြောင့် Jeno အိပ်ရာမှလူးလွန့်ထလာသည်

Jeno~ ကျွတ်.....ခင်ဗျားကြီး ကျွန်တော် အိပ်နေတယ်ဆိုတာ မသိဘူးလား(ဒေါသတကြီးဖြင့် အော်မိလိုက်သည်)

Sora~ မဟုတ်ပါဘူး သားရယ် အမေက....

Jeno~ဟာကွာ

'ခွမ်းးးး'

Jeno ဒေါသတကြီးဖြင့် ကုတင်ဘေးရှိ ခုံပေါ်တင်ထားသော ဖန်ခွက်ဖြင့် နံရံကို ပစ်ပေါက်လိုက်သည်.

Kang Chul ~ Lee Jeno!!!!!!!!! မင်း အခုချက်ချင်း ရပ်လိုက်စမ်း!! မင်းတော်တော် မိုက်ရိုင်းနေပါလား ဟမ်?

Jeno~ အဟက် ဘာလဲ? မိန်းမထိတော့ အရမ်းကို နာပေးနေတာလား.

Kang Chul~ဟာကွာ ဒီကောင်ကတော့....

Sora~ကိုရယ် မလုပ်ပါနဲ့...

Jeno~ခင်ဗျားကြီး ဘေးဖယ်စမ်းပါ. ထိုးလေ ထိုးလိုက်စမ်းပါ

Sora~ သားရယ် တော်ပါတော့ အမေတောင်းပန်ပါတယ် ကျောင်းသွားဖို့သာ အမြန်ပြင်ပါတော့နော်!

Jeno~အမေလို့ မပြောစမ်းပါနဲ့ဗျာ မိထွေးက မိထွေးလိုနေ.
Jeno ပြောချင်ရာပြောပီး ထွက်သွားလေသည်...

Kang Chul~ တောက်စ် ဒီကောင် ပြောလေကဲလေ.

Sora~ကိုရယ် သားကိုလွှတ်ထားလိုက်ပါ သူတစ်နေ့တော့ နားလည်လာမှာပါ....

-----------------------------------
Renjun~ Hyg Jeno မင်းရုပ်ကလည်း လာပြန်ပီကွာ ပြဿနာဖြစ်လာပြန်ပီလား??

Jeno ခေါင်းသာ ညိမ့်ပြလိုက်သည်..

တကယ်တော့ မနက်ကဖြစ်တဲ့ကိစ္စမှာ အဆန်းမဟုတ်တော့ ဟိုမိန်းမကြီးအိမ်ရောက်လာကထဲ သူနဲ့ သူ့အဖေကြားမှာ ဘာရယ်ကြောင့်မှန်းမသိ စည်းခြားသွားသလိုပင်..မုန်းတယ် အမေ့နေရာကို အစားထိုးနိုင်ခဲ့တဲ့ အဖေ့ကိုရော အဖေ့ကို မြူဆွယ်ဖျားယောင်းထားတဲ့ အက်မိန်းမကြီးကိုရော...

Renjun~မင်းကလည်း စိတ်လျော့မှပေါ့ကွာ ဘယ်လိုပဲ မိထွေးဖြစ်ပါစေ မင်းအပေါ်ကောင်းတဲ့ဟာပဲကိုကွာ.

Jeno~hyg Renjun မင်းမျက်နှာပေါ် ငါ့လက်သီးမရောက်ခင် မင်းပါးစပ်ပိတ်လိုက်တော့.

*Bad Boy*Where stories live. Discover now