Ep-18(Z+U)

1.1K 94 12
                                    

Zawgyi
Chan Yeol's Pov

Babyနဲ့ဖုန်း​ပြောအပြီးအပြန်​လမ်းတွင်
(Epi-16အဆက်​🙊)

လောကကြီးက ဒီ​နေ့ပြီးမနက်​ဖြန်​ဘာဖြစ်​မလဲ
မသိနိုင်​​ပေ မျက်​လှည့်​ဆန်​​သော လှည့်​ကွက်​များစွာနှင့်​သာ

မ​နေ့တ​နေ့ကအထိ Babyနဲ့အတူတူ ​ပျော်​စရာ
နှစ်​​ယောက်​ကမ္ဘာဖြစ်​​နေခဲ့သည်​သာ
အဲ့အ​နေ့ထိက​တော့ Babyနဲ့ သတ်​ဆုံးတိုင်​ထိ
အေးချမ်းသာယာစွာ​နေနိုင်​မှာဟု စိတ်​ကူးယဉ်​မိပါသည်​ အဟက်​....
လက်​​တွေ့မှာ ဘ၀ကခါးသည်​ ​ယောက္ခမဖြစ်​လာမည့်​သူကမိမိကိုမကြည်ဖြူ​တော့သည့် အပြင် ​​မိမိတို့မိသားစုကို မုန်း​​နေသည်တဲ့

ေ​အာ်...Babyရယ်​​ချစ်​စစ်​အချစ်​မှန်​မို့ ​ဒုက္ခ​တွေ
ကြုံ​တွေ့​နေရတာလားကွာ
Baby ကို ကိုယ့်​အနားမှာထားနိုင်​ဖို့ ရင့်​ကျက်​မှဖြစ်​​တော့မယ်

ပြောရမယ်​ဆို Chan Yeol သူ့Appaကိုယုံပါသည်
Mr.Parkသည်​ ကိုယ့်​ကိုယ်​ကျိုးအတွက်​ကြည့်​ပြီ သူများ​တွေကိုယ်​ကျိုးနည်း​စေရန်​ဘယ်​​တာ့မှ
မလုပ်
စည်းကမ်းကြီးသည်​ တရားမျှတမှုကိုလည်း
အသက်​လိုတန်​ဖိုးထားသည်
ဒီလိုလူက သူ့​သွေးသား မိမိကသာ စွပ်​စွဲပါက
သူ့​မာန​တွေ သိက္ခာ​တွေ ထိခိုက်​ခံရသလိုဖြစ်​​နေလိမ့်​မည်
စိတ်​လည်းအကြီးအကျယ်​ထိခိုက်​ပါလိမ့်​မည်

ဒီလိုဆို​တောင်​မှ အချစ်​အတွက်​ကန်း​နေတဲ့သားမိုက်​က သူ့အချစ်ကိုကာကွယ်ရန်​​​ဖခင်​ရဲ့ ဂုဏ်​သိက္ခာကို နင်း​ခြေ၍ပင်
မေးပါလိမ့်​ဦးမည်

ဘယ်​​လောက်​ပဲဦး​နှောက်​က အသိရှိပ​စေ
ကိုယ့်​အတွက်​​တော့ နှလုံးသားကရှင်​ဘုရင်​​ပေမို့.......

*****************************
အိမ်​ပြန်​​ရောက်​​သော်​......

ညသန်း​ခေါင်​ယံ​ကျော်​​နေပြီဆို​တော့ အိမ်​သားများလည်း အိပ်​​နေပြီထင့်
တစ်​အိမ်​လုံး တိတ်​ဆိတ်​​နေသည်

သို့​သော်​ Appaရဲ့ ကိုယ်​ပိုင်​စာကြည့်​ခန်း​လေးမှာ မီးလင်း​နေ​သေးသည်

Infinity[Completed](Z+U)Место, где живут истории. Откройте их для себя