Zawgyi
Tin
" hi "
သီချင်းနားထောင်နေရင်းမှ တင် ဆိုပြီး အသံကြားလိုက်ရတာမို့ ကြည့်လိုက်တော့ " သူ " ဖြစ်နေသည်။
ဘာရယ်မဟုတ် ထိုင်နေတဲ့ ကျောင်းရှေ့ပတ်ပတ်လည်ကို ဝေ့ကြည့်မိတော့ ကိုယ်ထိုင်နေတဲ့ လှေကားထိပ်ရဲ့ ညာဘက် ပေသုံးဆယ် အကွာလောက်မှာ ထိုင်နေသော "သူ" ။
ကိုယ့်ကိုကြည့်နေတာ ဘယ်ချိန်ကတည်းကလဲမသိ ကိုယ်ကြည့်လိုက်တာနဲ့ ပြုံးပြလာပြီး လက်နှစ်ဖက်လုံး အပေါ်မြှောက်ကာ ရမ်းပြလို့ ။
ကိုယ်လဲ ယောင်ပြီး လက်ရမ်းပြမိသလားဘဲ ။
သူ ပို့ထားတဲ့ hi ဆိုတာကိုတောင် စာမပြန်မိသေး။
ကြည့်နေရင်းမှ " သူ " က ထလာပြီး ကိုယ့်ဆီ တည့်တည့်မတ်မတ်ကို လျှောက်လာနေသည်။
ကျောင်းသား ၊ ကျောင်းသူတိုင်း ဝတ်နေတဲ့ အဖြူ နဲ့ နက်ပြာ uniform က သူနဲ့မှတမူထူးခြားနေသလို။
" သူ " ကိုယ့်ဘေးဝင်ထိုင်လိုက်တဲ့ အထိကို ကိုယ့်မျက်နှာထက်မှာ မယုံနိုင်မှုတွေက အထင်းသားပေါ်နေလျက်။
ပထမဆုံး .... ဟုတ်တယ် ပထမဆုံးဘဲ သူ နဲ့ ကိုယ် နီးနီးကပ်ကပ်ရှိဖူးတာ ။ ဒါ့အပြင် နှစ်ယောက်ထဲ ။
first year ဆိုတဲ့ အရွယ်ကဒီလို ရင်ခုန်တတ်တဲ့ အရွယ်လားမသိပေမဲ့ အခု သူ က ကိုယ့်ဘေးထိုင်နေတော့ ရင်ခုန်နေတာ ပေါက်ထွက်တော့မဲ့အတိုင်း။
ဆယ်တန်းကတည်းက တစ်ခါမှ အနီးကပ်မကြည့်ဖူးတဲ့ သူ့ မျက်နှာ ကိုယ် နဲ့ ခုလို နီးနီးကပ်ကပ်ရှိနေပြန်တော့လဲ မကြည့်ရဲသေး။
" အတန်း မတက်ဘူးလား "
ကိုယ့်ဘက်က ဘာပြောရမှန်းမသိလို့ ဖုန်း ကိုဘဲ ကြည့်ရင်း ငြိမ်နေချိန်မှာ သူ့ ဘက်က စပြောလာတဲ့စကား။
" စောဆင်းတာ အင်္ဂလိပ်ဆရာမ မဝင်လို့ နင်ရော...."
" ဒီအချိန်က ပျင်းဖို့ကောင်းလို့ ခနနေမှ သွားမှာ "
နာရီကြည့်ရင်းပြောလာတဲ့ သူ့ ကြောင့် ကိုယ်လဲ လက်က နာရီကိုငုံ့ကြည့်မိသည်။