Asuna Birthday one shot

3.3K 331 41
                                    

မှန်ကိုကြည့်လိုက်ပြီး Chanyeolကိုယ့်ကိုကိုယ် စည်းကမ်းချက်များပြန်လည်ပြောနေမိသည်...

မျက်လုံးချင်းဆုံအောင်မကြည့်နဲ့....

မျက်လုံးချင်းဆုံအောင်မကြည့်နဲ့...

လူတိုင်းမှာ Privacyဆိုတာရှိတယ်...

ဒီစကားလေး နှစ်ခွန်းကို အထပ်ထပ်အခါခါ ကိုယ့်စိတ်ထဲမှာ ပြန်ရေရွတ်မိသည်...

နေရာဟောင်းက လူများစိတ်များကို ငြီးငွေ့ခဲ့ပြီမို့ နေရာသစ်ကို ပြောင်းလာခဲ့ပြီးပြီလေ...

အခုနေရာသစ်မှာပါ ထပ်ပြီး မငြီးငွေ့ချင်ရင် မျက်လုံးချင်းဆုံအောင်မကြည့်နဲ့..

ကိုယ့်စိတ်ထဲကို ထဲထဲဝင်ဝင်နားဝင်အောင်ပြောပြီးတော့မှ ကျောပိုးအိတ်ကိုလွယ်ကာ Semesterအသစ် ကျောင်းအသစ်ဆီသို့ ဦးတည်ခဲ့လိုက်တော့သည်..

.....

နားထဲက နားကြပ်ဆီမှ ကြားနေရသော သီချင်းသံ ငြိမ့်ငြိမ့်လေးများကိုသာ စိတ်နှစ်ပြီး လမ်းတလျောက် ခေါင်းကိုသာ ငိုက်စိုက်ချထားကာ ဘယ်သူနဲ့မှ မျက်လုံးချင်းမဆုံမိအောင်ကြိုးစားကာ ဖြည်းဖြည်းချင်းလမ်းလျှောက်လာမိသည်..

အိမ်နဲ့သိပ်မဝေးသော ကျောင်းကိုသာ ရွေးထားသည်မို့ လမ်းကြာကြာမလျှောက်လိုက်ရပါ..

ကျောင်းဂိတ်ဝဆီသို့ ရောက်လာသည်...

ကျောင်းထဲတန်းမဝင်ပဲ ဂိတ်ပေါက်ဘေးက ဂိတ်ဆောင်လေးဆီ သွားလိုက်သည်..တက်ရမည့်အခန်းနဲ့အဆောင်က ဘယ်မှာလဲဆိုတာ စုံစမ်းရဦးမည်လေ...

ဂိတ်ဆောင်လေးဆီရောက်သောအခါတွေ့လိုက်ရတာက တာဝန်ကျဆရာမခပ်ငယ်ငယ်လေးတစ်ယောက်..

ထိုဆရာမလေးဆီသွားပြီးပဲ မေးလိုက်တော့မည်...

"မင်္ဂလာပါ ဆရာမ.. ကျွန်တော်ဒီကျောင်းက ကျောင်းသားသစ်ပါ.. အထက်တန်းတတိယနှစ် Section Bဘယ်အဆောင်မှာလဲ လမ်းညွှန်ပေးလို့ရမလား..ခင်ဗျ??"

Chanyeolအတတ်နိုင်ဆုံးဆရာမလေးနဲ့ အကြည့်လျင်းမဆုံစေပဲ ခေါင်းငုံ့ကာ ပြောလိုက်သည်...

"Awwကျောင်းသားသစ်လား.. လွယ်ပါတယ် အဲ့အဆောင်သွားရတာက.. ဒီလမ်းကနေ တည့်တည့်က Mainဆောင်ကြီးတွေ့တယ်နော်.. အဲ့ဒီmainဆောင်ကြီးထဲ ဝင်ချသွား Hallအတိုင်းလျှောက်သွားပြီး ၂ခန်းလောက်ကျော်တဲ့အခါ ညာဖက်မှာ ထွက်ပေါက်တွေ့လိမ့်မယ် အဲဒီထွက်ပေါက်က ထွက်သွားတဲ့ လမ်းရဲ့ ညာဖက်က အဆောင်က အထက်တန်းဆောင်ပဲ တတိယနှစ်ဆိုတော့ သုံးထပ်မှာရှာနော်"

I SEE You B~~ ( one shot )Where stories live. Discover now