ကိုကို့ရင်ခွင် (ကိုကို့ရင်ခွင်) ( Z&U)

8.5K 559 28
                                    

ကိုကို့ရင်ခွင်………

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေရင်းက ၀င်လာသော ကားကိုတွေ့လို့ပျော်မည်မကြံသေး ကားရပ်လို့ တစ်ဖက် က ထွက်လာသူကိုမြင်တော့ Krist မျက်နှာတင်းသွားသည်။ပြန်လာတာ ကိုကို တစ်ယောက်တည်းမှ မဟုတ်ဘဲ.။

“Sawadee Krap အန်တီ”

“Sawadee ပါ သမီး…။လာ-- သမီးပါလာမယ်လို့ သားကတော့ ကြိုမပြောထားဘူး။”

Singto ၏ မေမေ က အပြုံးနှင့်ပဲ ဆီးကြိုကာ ဧည့်ခန်းထဲ ကိုဦးဆောင်ခေါ်သည်။

“Mae--  ဟိုကလေးရော…”

“ဟင်?? Kit လား?? အပေါ်မှာထင်တယ် စောစောကတော့ ဂိမ်းဆော့နေလေရဲ့.။”

“ခဏထိုင်ဦးနော်Pin.။  ကိုယ် အင်္ကျီ အရင်သွားလဲလိုက်ဦးမယ်။”

Pin ကို နှုတ်ဆက်ပြီး အိမ်ပေါ်ထပ်တက်လာခဲ့ပေမယ့် ကိုယ့်အခန်းကို အရင်မ၀င်ဘဲ ဘေးချင်းကပ် Krist အခန်းဆီ အရင် ၀င်လာ လိုက်သည်။ အခန်းတံခါးခေါက်ပြီး အချက်ပြုတော့ ဘာသံမှ မကြားတာမို့ လော့မချထားသော တံခါးကိုဖွင့်ဝင်လိုက်သည်။

“Krist.. Kit-- အင့်--”

နာမည်တောင်ဆုံးအောင် မခေါ်လိုက်ရသေး ပြေးဖက်လာသူကြောင့် Singto ကိုယ်တိုင်တောင် နောက်နှစ်လှမ်းလောက် ယိုင်သွားရသည်။

“ကိုကို့ရင်ခွင် ကအနွေးဆုံးပဲ…။”

“အဟားးး…ဖြေးဖြေးဖက်ပါကွာ..ကိုယ်လည်း အရိုးကျိုးတော့မှာပဲ ။သူ့ဝက်ကိုယ်လေးနဲ့ အတင်းကို..။”

သူ့ကိုအဲ့လိုပြောတော့ မျက်နှာလေး နည်းနည်းစူပုတ်သွားပြီး ဖက်ထားတာကိုလွှတ်ကာ စာကြည့်စားပွဲနားကိုသွားသည်။

“ကဲ စိတ်လည်း ဆိုးမနေနဲ့. လုပ်စ၇ာရှိတာလုပ်ဦး ။ Pin  ပါလာတယ် ။ ကိုကို အောက်ပြန်ဆင်းလိုက်ဦးမယ်။”

“ဟင် P’Pin…ပါလာတားလား?? အာ့ဆို သွားလေ.. ”

ခပ်ပြုံးပြုံးလေးပြောလာတာကို Singto ပြန်ပြုံးပြပြီး နှုတ်ဆက်ထွက်သွားခဲ့သည်။ Singto တံခါးပြင်ဘက်ရောက်တော့မှ Krist မျက်နှာက အပြုံးကချက်ချင်းပျောက်ကွယ်သွားသည်။ P’Pin ပါလာတာ သူ ကဘာလုပ်ရမှာလဲ.။ သူ မကြိုဆိုချင်ဆုံး သူမ က ကိုကို့ ရည်းစား။ ကုမ္ပဏီ ရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုကိုနှင့် ဌာန တစ်ခုက ဌာနမှူး သူမက ကျောင်းကတည်းက သိကျွမ်းပြီး ချစ်သူတွေဖြစ်ခဲ့ရသည်တဲ့လေ။ မကြည်ဖြူဘူး။ သူ့ထက် အရင် ကိုကို့ကို ခင်မင်ခွင့်ရတာကိုလည်း မကြည်ဖြူဘူး။ သူ ရှိနေသင့်တဲ့ ကိုကို့ရင်ခွင်ထဲ မှာရှိနေတာကိုလည်း မကြည်ဖြူဘူး။ သူမနှင့်ပတ်သက်ပြီး ဘာကိုမှ မကြည်ဖြူဘူး။

ကိုကို့ရင်ခွင်Where stories live. Discover now