Jeon Jungkook......
သူအိမ်ပြန်ရောက်တော့ ည၈နာရီ
ဆင်ဝင်အောက်ရပ်ထားတဲ့
Ferrari အနီရောင်လေးကိုမြင်တော့
သူစိတ်အေးသွားတယ်။
hyung အိမ်ပြန်ရောက်နေပြီဆိုတဲ့သဘောပင်။ခုနောက်ပိုင်း သူ့ဘာသာသူ
ကားမောင်းသွားချင်တယ်လို့
hyungဆိုလာတော့
သူဘာမှမတတ်နိုင်။
စိတ်ပူပေမယ့်လည်း hyungအလိုကျ
ခွင့်ပြုရသည်သာ...။သက်ပြင်းဖွဖွချကာ Necktieကိုဖြေလျော့ရင်း
သူအိမ်ထဲဝင်လာလိုက်တယ်။
ရေအေးအေး သောက်ချင်လာတာကြောင့်
အပေါ်မတတ်သေးဘဲ
ထမင်းစားခန်းဆီသာ တန်းလာလိုက်တယ်
ဝင်ဝင်ချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်
သူပြုံးမိသွားတယ်..။ထမင်းစားပွဲပေါ်
မှောက်ရက်အိပ်ပျော်နေတဲ့hyung...
ပြန့်ကြဲနေတဲ့စာအုပ်တွေရယ်
ဖွင့်ရက်သားLaptopတစ်လုံးရယ်
ဘေးမှာလဲစားလက်စ
အသင့်စား ခေါက်ဆွဲဘူးနဲ့snackအခွံတွေ..အခုနောက်ပိုင်း hyung တော်တော်ကို
ပြောင်းလဲလာသည်။
ကျောင်းစာတစ်ဖက်အပြင်
Kim groupရဲ့စားသောက်ကုန်လုပ်ငန်းခွဲမှာပါ
အလုပ်သင်အနေနဲ့ ၀င်လုပ်နေပြီ
Hyungပြောင်းလဲလာတာကို သူဝမ်းသာပေမယ့်
အရမ်းပင်ပန်းနေတာမြင်တော့လဲ
စိတ်မကောင်း....သူရေသောက်ပြီးလို့
အတော်ကြာရပ်ကြည့်နေတဲ့အထိ
Hyungကနိုးမလာ
နောက်ဆုံးမနေနိုင်တော့လဲ
အသာအယာလှုပ်နှိုးလိုက်ရတယ်။"ပြန်ရောက်နေပြီလား ငါစာလုပ်နေရင်း
အိပ်ပျော်သွားတာ"မျက်လုံးတွေပွတ်ပြီး သူ့ကိုနှုတ်ဆက်တယ်
ပြီးတော့ အိပ်ချင်မူးတူးနဲ့
အရှေ့ကစာအုပ်ကိုပြန်ဖတ်နေတယ်။"ပင်ပန်းနေလဲ ခဏနားလိုက်လေ ညစာလဲ
မစားရသေးဘူးမဟုတ်လား တစ်ခုခုလုပ်ပေးမယ်""......."
"သြော်...ဒါနဲ့Assignment deadlineက
ဘယ်တော့မို့လို့လဲ
အလုပ်ကရောအဆင်ပြေရဲ့လား"
ВЫ ЧИТАЕТЕ
Behind Every Mask { COMPLETED }
Любовные романыLove has a powerful way of removing the mask that we all insist on wearing.