*Bad Boy*Ep 6

547 63 9
                                    

NoMin 💘

Jeno~မင်း ဘာအခက်အခဲဖြစ်နေလဲ??? ငါမင်းကို ကူညီပေးမယ် အဲ့အစား မင်းကျောင်းတော့ မထွက်နဲ့...

Jaemin~မင်းက...ငါ့ကိုကူညီမယ်?? Ahaha.. ငါနားကြားများမှားနေတာလား Lee Jeno ရာ.....

Jeno~ငါနောက်နေတယ်လို့ မင်းထင်နေတာလား? ငါတကယ်ပြောနေတာ....

Jaemin~နေပါကွာ....ငါ့ဟာငါ အေးဆေးနေပါရစေ..ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့တော့..

ပြောပြောဆိုဆိုနှင့်ထွက်သွားဟန်ပြင်နေသောကြောင့် Jaemin ရဲ့ ပခုံးကို ထပ်ဆွဲထားလိုက်သည်...

Jeno~ခဏနေဦး Na Jaemin.....ငါပြောတာမပြီးသေးဘူး...
ဘယ်လိုပဲဖြစ်ဖြစ် မင်းကျောင်းမထွက်ရဘူး....

Jaemin သူ့ပခုံးပေါ်က Jeno လက်ကို ဖယ်ချလိုက်ပီး

Jaemin~ငါ့ကို မင်းအမိန့်ပေးစရာအကြောင်းလည်းမရှိဘူး..ငါ အရင်လို ငြိမ်ခံနေမယ့် Na Jaemin မဟုတ်ဘူး

ဒီတစ်ခါ Jaemin ထွက်သွားတာကို သူမတားမိတော့ပေ.......

--------------------------------
Jeno ကားပေါ်တက်ကာ စက်နှိုးပီး သွားဖို့ဦးတည်လိုက်တာက _____ Hospital ဆီသို့...

Hospital ရောက်ရောက်ချင်း Receptionကိုသွားလိုက်ပီး

Jeno~အစ်မ ဒီ ဆေးရုံက Na SunTae ဆိုတဲ့ လူနာ ဘာကြောင့်ဆေးရုံတက်နေရလဲဆိုတာ သိခွင့်ရမလား???

'sorry ပါရှင် ကျွန်မတို့ လူနာရှင် မသိပဲ ဘာအကြောင်းမှ ပြောပြလို့မရလို့ပါ´

Jeno~စိတ်မပူပါနဲ့ ကျွန်တော် ဒုက္ခပေးမယ့်လူ မဟုတ်ပါဘူး ...

Jeno အိတ်ထဲမှ ပိုက်ဆံအထပ်လိုက်ထုတ်ကာပေးရင်းပြောလိုက်သည်...

သည်တော့မှပဲ....

'ခဏလေးနော်......´

Jeno သူ့ရှေ့မှာ 5mins လောက် ဆေးမှတ်တမ်းတွေ ရှာနေတဲ့သူကို ကြည့်ပီး စိတ်မရှည်တော့......but ကိုယ်က သိချင်နေတော့လည်း....
သည်းခံ Lee Jeno ရေ သည်းခံ

'ဟုတ်ကဲ့ ရပီရှင့်....Na SunTae ဆိုတဲ့ လူနာက ဦးနှောက်မှာ အကြိတ်တည်နေလို့ ဆေးရုံတက်နေရတာပါ´

Jeno~ဗျာ??? အက်ဒါဆို...အခု အခြေအနေကရော?

'Operation လုပ်မှ အသက်ရှင်နိုင်မယ့် အနေအထားပါ´

*Bad Boy*Where stories live. Discover now