1

81 11 0
                                    


အိမ်အပြင်မှာ နေသာနေသေးလား?
ငါက မိုးရွာထဲထိုင်နေတဲ့ ကြောင်တစ်ကောင်ပါ

သတိရခြင်းကို ကိုယ့်တိုင်ပြန်ကုတ်ခြစ်ပြီး
မဲ့ပြုံးတွေနဲ့ အဆိပ်တက်နေခဲ့တယ်

ပွင့်ဖူးတဲ့ ပန်းကလေးကို ငေးကြည့်ဖို့ အားအင်တွေကို
ဘယ် ကောင်းကင်နဲ့ ဖြည့်တင်းရမလဲ

မျှော်လင့်ချက်ကို စိတ်မှာချိတ်ဆွဲပြီး
ဖိနပ်ကြိုးတွေကိုတော့ မချည်ဖြစ်ခဲ့ဘူး
အဲ့ဒီလမ်းကလေး ဆီလဲ ငါမလှမ်းဝံ့သေးဘူး

အပြင်မှာ နေသာသေးလား? ……။

ချစ်သော Jane Where stories live. Discover now