Extra

3.7K 221 14
                                    

Appa~~~

ရုံးခန်းထဲကို ပြေးဝင်လာကာ စားပွဲပေါ်မှာ အလုပ်လုပ်နေတဲ့ Sehun ရဲ့ပေါင်ပေါ် ကုတ်ကပ်တက်လာသော ၃နှစ်ခွဲအရွယ် Oh Jin Lu

တိတိကျကျ ပြောရရင် ကျတော့ရဲ့ ဒုတိယ အသက်လေး

အဲ့ဒီတော့ ပထမအသက်လေးက ဘယ်သူလဲ ပြောစရာရှိတယ်ဗျ

ပြောပြနေစရာမလိုအောင်ပင် ကျတော်ရဲ့ ပထမ အသက်ဘူးလေးက ချာတိတ်လေး Luhan ပါ ။ သူကိုယ်တိုင် ဝမ်းနဲ့ လွယ်မွေးထားတဲ့ သားနဲ့ပင် အပြိုင်သဝန်တိုကောက်ချိတ်လေးပေါ့ ။ ဒီစကားကို အိပ်နေရင်း အိပ်ယာထယောင်ရင်တောင် ပထမအသက် ဒုတိယ အသက် နံမည်မလွဲအောင် ကျင့်ထားရတာ တော်ယုံစကေးတော့ ဘယ်ဟုတ်လိမ့်မလဲ ။

"သား သား တစ်ယောက်ထဲလား Papa ရော? " မေးသာမေးလိုက်ရတာ ပါလာမှန်းသိသားပဲ ။သူက ကျတော်ကို သားနဲ့ အပြိုင်သဝန်တိုတတ်တာက လွဲလို့ သားကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်လွန်းလှသည် မဟုတ်လား။အခုလဲ ဝန်ထမ်းရေးရာမှာ သွားပြီး အသစ်ရောက်လာတဲ့ ဝန်ထမ်းကောင်မလေးရှိမရှိ သွားစစ်ပုံရပါတယ် ။အရင်က ဆိုးသွမ်းသွမ်း ဂျစ်ကန်ကန်ကောင်လေးက အခုတော့ အရစ်ဘုရင် သဝန်တိုမာစတာဘွဲ့ပေးထားရလေ၏ ။ အခုလဲ ဘောင်းဘီအိတ်ထဲ လက်နှစ်ဘက်ကို ထည့်ကာ အင်မတန် ချစ်စရာကောင်းတဲ့ ရုပ်ကလေးကို မျက်မှောင်ကြီးကုတ်ပြီး ဝင်လာပြန်လေသည် ။ကျတော် ဘာတွေရှင်းရဦးမလဲ မသိပေ ~~ဟူး

အိုဆဲဟွန်း~~

အလဲ့ ~နံမည်အရင်းတွေတောင် ခေါ်နေပြီဆိုတော့ ရာသီဥတုက မုန်တိုင်းထန်ရန် ၈၀%အထက် ရှိနေလောက်ပြီ ။မဖြစ်သေးပါဘူး မုန်တိုင်းမလာရင် ကြိုတင်ကာကွယ်ရန် သားလေးအား ပေါင်ပေါ်ကနေ အသာချပြီး  ဆုံလည်ထိုင်ခံပေါ်တင်ပေးပြီး စူပုတ်နေသောကောင်လေးအား အတင်းပင်ပြေးဖက်ကာ နှုတ်ခမ်းလေးကို စုပ်နမ်းလိုက်သည် ။ရင်ခွင်ထဲက အကောင်ငယ်လေးက ရင်ဘတ်ကို လက်သီးနဲ့ အုန်းခနဲ့ ထုကာ ခြေထောက်တွေနဲ့လဲ ကန်ကျောက်လိုက်သည် ။ သူ့ ပါပါးက တိုက်ခိုက်တာ မြင်တော့ နှစ်ယောက်မရှိတဲ့ သားလေး Oh Jin Lu ကလဲ ခုံပေါ်က ပြေးဆင်းလာကာ ဆဲဟွန်းအား မမှီမှီရာပြေးထုသည် ။ ရင်ဘတ်တွေ တဘုန်းဘုန်းထုနေသော ရှောင်လုနဲ့ ဆဲဟွန်း ဒူးလောက်သာရှိသော အရပ်ကလေးနဲ့ သားသားလေးကလဲ သူမှီရာ ဆဲဟွန်းရဲ့ ခြေထောက်တွေကို ကန်လိုက် လက်သီးသေးသေးလေးနဲ့ ထုနေသော သားတော်မောင်တို့ နှစ်ယောက်ကြား ဆဲဟွန်း ဗျာများနေရပြန်သည် ။

But I still loving you(Complete)Where stories live. Discover now