#oneshot
အိမ်ကိုသွားကြည့်တော့လည်းထင်သည့်အတိုင်းသူကရှိမနေ။ Chanyeol စိတ်ပျက်စွာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ထမင်းချက်အဒေါ်ကြီးကို နှုတ်ဆက်ပြီး ကားကို Saber club ကို ဦးတည်ခဲ့တော့၏။
နာရီဝက်လောက်မောင်းပြီးတော့ Saber club ကိုရောက်လာသည်။ VIP တွေသီးသန့် ဈေးကြီးသည့်နေရာမို့ လူမသန့်မှာတော့ မပူရပါ။ ဒါပေမယ့်လည်း Chanyeol အနေနှင့်ဆို ဒီလိုနေရာတွေကို အမြဲတမ်း မလာဖြစ်။
ဟော်……..တွေ့ပါပြီ။ အနက်ရောင်ခပ်လက်လက်ငွေမှုန်ကြဲ အင်္ကျီနှင့် ဘားကောင်တာမှာ အေးအေးဆေးဆေးတော့ ထိုင်နေ သားပဲ။ တစ်ခေါက်ကဆို သူများကိုရန်စနေတာတွေ့လို့ သူပါ မနည်းတောင်းပန်ခဲ့ရတာ။“Byun BaekHyun!!!”
သောက်လက်စ ဖန်ခွက်ကို ပြန်ချလိုက်၇င်း BaekHyun တစ်ယောက် Chanyeol ကို မသိချင်ယောင်ဆောင်နေလိုက်သည်။
“လာခဲ့!!”
“Yah.. လွှတ်စမ်း !!”
တီးလုံးသံတွေနှင့် စကားက အရာမပေါက်တာမို့ BaekHyun လက်ကိုဆွဲကာ Club အပြင်ဘက်က အသံတိတ်သည့်နေရာကို ခေါ်လာခဲ့သည်။ ဒါတောင် ဒင်း က ဆွဲလာသော လက်ကို တရုန်းရုန်း…။
“ဘာလုပ်တာလဲ??”
“အဲ့ဒါက ငါ မင်းကိုမေးရမှာ။ မင်း က ဒီမှာ ဘာလာလုပ်ပြန်တာလဲ။ အိမ်မှာ မင်း မိဘတွေ မရှိတုန်း ကောင်းကောင်းနေရမှာပေါ့.”
လက်ကောက်ဝတ်လေးကို ကျန်လက်တစ်ဖက်နှင့်ပွတ်ရင်း Chanyeol ကို ဂျို ကြည့် ကြည့်လိုက်သည်။
“ငါ့ဘာသာ နေချင်သလိုနေမယ်။ မင်း က ငါ့မိဘလား ..မင်းနဲ့ဘာဆိုင်လို့လဲ??”
“BaekHyn Ah..”
“သွားလေ.!! သွား…ငါနဲ့ ညဈေးလိုက်ပေးမယ်ပြောထားပြီးမှ မင်း noona နဲ့ ဘာလို့လိုက်သွားတာလဲ??”
“noona က မထင်မှတ်ဘဲ ခြေထောက်ခေါက်သွားလို့လေကွာ..အဲ့ဒါ စကားပြောနေတဲ့ငါက ဒီတိုင်းထားခဲ့ရမှာလား သူ့ကိုအိမ်ပြန်ပို့ပေးနေတော့ သူ့အိမ်က အမေက အတင်းစကားပြောနေတာနဲ့အားနာပြီး ထမလာခဲ့ရတာ။ မင်း ကိုငါ message ပို့တယ်လေ။”
ဟုတ်တယ်။ ကိုယ့်မှာ ဟိုမှာ စကားပြောနေရင်းနဲ့မှ စိတ်ကမဖြောင့် နာရီပဲတကြည့်ကြည့် လုပ်နေရတာ သူမသိ။ message ပို့တော့လည်း reply မပြန် ဖုန်းဆက်တော့လည်း မကိုင်တာက သူ…။
YOU ARE READING
ငယ်ကျွမ်းဆွေ
Fanfictionသံယောဇဉ်က အချစ်ဖြစ်လာနိုင်သည်လေ။ #oneshot #chanbaek #boylove