Part 1Unicode
Kong
ဒီနေ့ Mood နဲ့ Shopping ထွက်လာတာ စိတ်ကမပါ သူမအတင်းခေါ်လို့သာ ထွက်လာရတာ ခြေထောက်တွေလည်း ညောင်းနေပြီ
" ဝယ်လို့မပြီးသေးဘူးလား ငါအိမ်ပြန်ချင်နေပြီ "
" နေပါအုန်း Kong ရဲ့ ငါ ဒီမှာ ဝယ်လို့ မပြီးသေးဘူး "
" အဲ့ဒါဆို ငါသန့်စင်ခန်းခဏသွားလိုက်အုန်းမယ် "
" ပြန်တော့ လာမှာပါနော် "
" လာမှာ စိတ်ချ Mood ပြန်လာမှာ မပူနဲ့ "
ပြောပြီး ကျွန်တော် လှစ်ထွက်လာသည် ပြန်လာမယ်လို့ မထင်နဲ့ Mood ရယ် မြန်မြန်လေး ထွက်လာတာကြောင့် လူတစ်ယောက်နဲ့ ဝင်တိုက်မိသည်
" ဘယ်လိုလုပ်ပြီး လူတစ်ယောက်လုံးလာတာကို မမြင်ပဲ ဝင်တိုက်ရတာလဲ "
ရန်စွာနေတဲ့သူကြောင့် ပြန်ကော့ဖို့ သူမျက်နှာကို အကြည့် အဝတ်အစားဝတ်ထားပုံကြည့်ရုံနဲ့ တည်ကြည့်တဲ့လူလို့ ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှီတယ် ဖြူဖွေးနေတဲ့ အသားအရည်ကြောင့် ဒေါသဖြစ်ပုံလေးက ချစ်စရာလေး
" Sorry P ကျွန်တော် သူငယ်ချင်းနဲ့တွေမှာဆိုးလို့ ပတ်ရှောင်ရင်းတိုက်မိသွားတာ အကုန် ပြန်ကောက်ပေးမယ်နော် "
" အခုလောလောဆယ်တော့ ငါအိတ်က မင်းခြေထောက်အောက်ရောက်နေတယ် "
" ဟုတ်သားပဲ Sorry P "
" ဘယ်လို လူရှုပ်မှန်းကို မသိဘူး "
ကျွန်တော်ကိုပြောရင်း မျက်စောင်းထိုးလိုက်တဲ့ P
" P က မျက်စောင်းထိုးတက်တယ်နော် ယောက်ကျားလေးဖြစ်ပေမဲ့ မျက်စောင်းထိုးတာက ဘာလို့ အဲ့လောက်ချစ်စရာကောင်းနေပါ့လိမ့် "
"ဒီမှာ လူရှုပ် မင်းနဲ့ငါ ရွယ်တူတန်းတူ မဟုတ်ဘူး စကားပြောဆင်ခြင် "
ကျွန်တော်ကိုပြောပြီး ထွက်သွားတဲ့ P စစတွေ့ချင်းမှာပဲ ရင်ခုန်လွန်းလို့နာမည်တောင် မမေးလိုက်ရဘူးကွာ
@@@@@@
Kongpob
ကျွန်တော် နာမည် Kongpob ပါ သူငယ်ချင်းသုံးယောက်စုပြီး Car Show Rooms ဖွင့်ထားပြီး သီချင်းဆိုတာ ဝါသနာ ပါလို့ အနှပညာသင်တန်းကျောင်းတက်နေပါတယ်