At Shila Hotel,Ball room...
"မင်းဘာသာမင်းဘဲ
နှုတ်ဆက်စရာရှိတာတွေကို
သွားနှုတ်ဆက်တော့နော် ငါပင်ပန်းနေပြီ
မင်းအနောက် တစ်ကောက်ကောက်လိုက်ပြီး
ငါမသိတဲ့လူတွေကိုလဲ
လိုက်မနှုတ်ဆက်ချင်တော့ဘူး
ကိစ္စတစ်ခုခုဆိုမှခေါ်လိုက်လေ
ငါMinjaeနဲ့စကားသွားပြောနေလိုက်ဦးမယ်"သူ့စကားအဆုံးမှာ jungkookကသူ့လက်ကို
မလွတ်ချင်လွတ်ချင်နဲ့ လွတ်ပေးတယ်။
Minjaeကောင်းမှုနဲ့သူလိုက်လာခဲ့ရတဲ့ညစာစားပွဲ..သူစရောက်ထဲက Choi minjaeကို
ခဏသာနှုတ်ဆက်လိုက်ရသည်။
အခုထိစကားတောင်သေချာမပြောရသေး
ဟိုကောင်သည်လဲ သူ့appaခေါ်တဲ့နောက်
တစ်ကောက်ကောက်လိုက်ရင်း
တွေ့သမျှလူနှုတ်ဆက်ကာ
စိတ်ပျက်လက်ပျက်ဖြစ်နေပြီ။Minjaeစိတ်ညစ်မယ်ဆိုလဲညစ်စရာပင်
MusicကRetro styleတီးဝိုင်း
တက်လာသူတွေကလဲ
အသက်ကြီးကြီး လူကြီးတွေချည်းသာ
လူငယ်တွေလဲသိပ်မရှိ...သူ့အနေနဲ့လဲ ပုံမှန်အတိုင်းဆို
ဒီလိုပွဲမျိုးကိုသူတက်မှာမဟုတ်သလို
Jungkookကလဲသူ့ကိုမခေါ်လာလောက်ပေ။
Jungkookက အလုပ်နဲ့ပတ်သက်လာရင်
ဘယ်နေရာမဆိုအဆင်ပြေပေမယ့်
သူ့ကတော့မရ...
သူ့အကြောင်းကိုသိ၍
Jungkookက သူတက်ဖို့လိုတဲ့ပွဲမျိုးကိုသာ
ခေါ်သွားလေ့ရှိသလို
ဘယ်ပွဲဖြစ်ဖြစ်စရောက်ထဲက ပြန်တဲ့ချိန်အထိကို
သူ့လက်ကိုမလွတ်တန်းကိုင်ထားတတ်သည်။အခုတော့အခုပွဲက သူနဲ့မအပ်စပ်သလို
သူ့အသိကလဲ Minjaeတို့မိသားစုသာရှိသည်။
တစ်ခြားလူကြီးတွေကို သူသိပ်မသိ
ပျင်းစရာကောင်းတဲ့နေရာမျိုးမှာ
မသိတဲ့လူတစ်ယောက်ပြီးတစ်ယောက်ကို
ဟန်ဆောင်ပန်ဆောင်နဲ့
လိုက်ပြုံးပြနှုတ်ဆက်နေရတာ သူစိတ်ညစ်နေပြီ။
ထပြန်ဖို့ဆိုတာကလဲ
Jungkookကိစ္စတွေမပြီးသေး
သူ့မျက်နှာထားကိုကြည့်ရင်း
သူစိတ်ညစ်နေတာကိုJungkookလဲသိနေပြီမို့
သူ့ကိုအနားမှာအတင်းဆွဲမထားတော့...
ВЫ ЧИТАЕТЕ
Behind Every Mask { COMPLETED }
Любовные романыLove has a powerful way of removing the mask that we all insist on wearing.