Part 4Unicode
ကားပြင်ပြီးရင် ဖုန်းဆက်မယ်ပြောတဲ့ P က အခုသုံးရက်တောင်ရှီပြီ ဖုန်းမဆက်ဘူး ကျွန်တော် မနေနိုင်စွာ P ' Arthit ကို ဖုန်းခေါ်လိုက်သည်
တီ တီ တီ
" ဟဲလို "
" အခုပြောနေတာ P ' Arthit လား "
" ဟုတ်ကဲ့ခင်ဗျ ဘယ်သူလဲခင်ဗျ "
" P က စကားပြောတာယဉ်ကျေးသားပဲ "
" မင်းဘယ်သူလဲ ငါကျောင်းသားတော့ မဟုတ်လောက်ဘူး "
" ကျွန်တော်နာမည် Kongpob ပါ P ကားနဲ့ ချိတ်မိတဲ့သူပါ "
" ငါကားကို ဝင်တိုက်ခဲ့သူလို့သာ တိုက်ရိုက်ပြောပါ ဘာအတွက်ကြောင့် ငါဆီဖုန်းဆက်တာလဲ "
" P ကားအတွက် ကျွန်တော်ကို ဖုန်းဆက်မယ်ဆိုပြီး အခုထိ မဆက်သေးလို့ P ကား ပြင်ပြီးပြီလား ပြင်ခဘယ်လောက်လဲ "
" အဲ့ဒါက ...ငါကို တခြားသူက ပြင်ပြီး ကားလဲပေးမယ်ပြောလို့ ငါမင်းဆီကို မဆက်တော့တာ "
" ကားလဲမယ် ဟုတ်လား P ကျွန်တော်က ကားအရောင်းအဝယ် လုပ်တဲ့သူပါ ကျွန်တော်ဆိုင်မှာ P စီးဖို့ အဆင်ပြေစေမဲ့ ကားတွေ ရှီပါတယ် "
"ရတယ် မလိုဘူး ပြီးတော့ ငါမင်းဆီက လျော်ကြေးငွေ တောင်းမှာ မဟုတ်တော့တဲ့ အတွက် ငါဆီ ဖုန်းမဆက်နဲ့ "
P ဖုန်းချသွားပြီ ပြတ်သားလိုက်တာ P ရယ် ကျွန်တော်က P နဲ့ ခင်ခင်မင်မင်နေချင်တာ P နဲ့ ခင်ဖို့ မလွယ်ဖူးဆိုတာ သိပေမဲ့ ကျွန်တော် P နားမှာနေခွင့်ရအောင် ကြိုးစာမှာပါ
❤️❤️❤️❤️❤️
Kongpob
ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ကားပြပွဲ Video ကြည့်နေစဉ် ဝန်ထမ်းတစ်ဦးက
" သူဌေး ဧည့်သည့်က ဂျီးများနေတယ် ပြထားတဲ့ ကားတွေ တစ်စီးမှမကြိုက်ဘူးတဲ့ "
" ဟုတ်လား Aimမင်းသွားကြည့် အဲ့လို ဂျီးထူတဲ့ Customer ငါနဲ့ဖြစ်မှာ မဟုတ်ဘူး "
Aim အရောင်းခန်းမထွက်သွားတော့ Tew က
" ကားဝယ်တာပဲ Kong မင်းနည်းနည်း စိတ်ရှည်သင့်တယ် "