ချစ်ဦး - ၂ -

1.2K 14 0
                                    

ဒီလိုနဲ့ ဒုတိယနှစ်ကို ရောက်လာပြန်သည်။ ဒီနှစ်ပြီးရင်ကျောင်းဆက်မတတ်ဖြစ်တော့ပါ။ မြန်မာနိုင်ငံမှ ဝေးရာကို ကျွန်တော်ထွက်သွားချင်မိသည်။ အင်မတန်ပျင်းဖို့ကောင်းသော ဒီကျောင်းကြီးကိုလည်း ဆက်မတတ်ချင်တော့ပါ။ ကျောင်းရောက်ရောက်ချင်း ကန်တင်း လည်း သွားမထိုင်ဖြစ်တော့။ အခန်း၏ ဘေးဘက်ထွင် ထိုင်ခုံလေးကို ယူပြီး လယ်ကွင်းပြင်ကြီးကိုငေး နေလိုက်သည်။ ကျွန်တော် စိတ်ထဲတွင် ဘာမှန်းမသိသော အရာ ကို လွမ်းနေမိသည်။ တခါတရံ မနေ့ညက လင်းလက်ခဲ့သော ကောင်းကင်ယံက ကြယ်တစ်ပွင့်ကို လွမ်းချင်လွမ်းနေသည်။ သို့မဟုတ် လမ်းတွေ့တုန်း အမှတ်မထင် ပြုံးပြသွားခဲ့သော အပြုံးချိုုချို နဲ့ ကောင်မလေးတစ်ယောက်ကို လွမ်းချင် လွမ်းနေမိသည်။ ရေရာမှုမရှိသော အလွမ်းတစ်ခုတွင် နစ်မြောသွားခဲ့သည်။ သူ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ။ ကျွန်တော်ကို ခေါ်မှ သိတော့သည်။

'ဇန်သြ...ဘာတွေတွေးနေလဲ'

' ဒီလိုပါပဲ...'

'ဇန်သြ နာမည်က ဆန်းတယ်။ ဘာအဓိပ္ပာယ်နဲ့ နာမည်ပေးထားတာလဲ' ကျွန်တော့်ကို တခြားသူတွေ မေးသကဲ့ သို့မေးပါသည်။ ဖြေရတာ ရိုးအီနေသော တစ်ခုတည်းသောအဖြေကို ပဲ ဖြေလိုက်ပါသည်။

'ဇန် ဆိုတာ ဇန်နဝါရီမှာ မွေးလို့...သြ ကတော့ မသိဘူး။ နာမည်လှအောင် လို့ ထင်တာပဲ'

သူချက်ခြင်းပြန်ဖြေသည်။

'သြ က သြဂုတ်လေ'

'ဟုတ်တော့ ဟုတ်ပါတယ်...ဒါပေမယ့်...' ကျွန်တော် ဆက်မပြောဖြစ်တော့ပါ။ သူလည်း ဆက်မမေးဖြစ်တော့။

'ချစ်ဦး သီချင်း နားထောင်မလား...င့ါမှာ စိတ်ကြိုက်သီချင်းတွေ သွင်းထားတဲ့ ခွေရှိတယ်'

CD player လေးကို သူ့ကိုပေးလိုက်သည်။ သူ...နားကျပ်တစ်ဖက်ပဲယူသည်။ ကျန် တစ်ဖက်ကို ကျွန်တော့်ကို ပေးသည်။ ကျွန်တော် ထိုသို့ နားမထောင်တတ်ပါ။ သူပေးတာကိုယူပြီး ကျွန်တော်တပ်ထားလိုက်မိသည်။ သီချင်းထဲတွင် နစ်မြောသွားသည်။ 'မဒီ' ရဲ့ 'ဝမ်းနည်းမိုးတိမ်' သီချင်း။ ဘယ်ကနေရောက်လာမှန်းမသိတဲ့ သူ့ရဲ့ သူငယ်ချင်းတွေ။ ကျွန်တော်တို့ သီချင်းဆက်ပြီးနားမထောင်ဖြစ်တော့။ ကျွန်တော် သူ့ကိုမေးလိုက်သည်။

ချစ်ဦးWhere stories live. Discover now