ချစ်ဦး -၅-

730 10 0
                                    

တောင်ပေါ်ရောက်တော့ အားလုံးက နုံးချိနေသည်။ ကျွန်တော်ရယ်၊ လမ်းတွင် ချော်ကခဲ့သော ခပ်၀၀ သူငယ်ချင်း တစ်ယောက်ရယ်၊ သဘောကောင်းတဲ့ နောက်သူငယ်ချင်းတစ်ယောက်ရယ်၊ စုစုပေါင်း သုံးယောက် သာ နောက်ဆုံးမှာ ကျန်ခဲ့သည်။ ကျန်ခဲ့သည်မှာလည်း ခပ်၀၀ သူငယ်ချင်းကို တွဲခေါ်၍ဖြစ်သည်။ လူတွေရဲ့ အကြောင်းသိချင်ရင် ခရီးတူတူ ထွက်ကြည့် ဆိုတဲ့ စကားကို ကျွန်တော် ယုံကြည်ခဲ့သည်။ တောင်ခြေမှာကတည်းက ကျွန်တော်တို့ အထုပ်တွေကို အထမ်းနှင့် ထည့်ပေးလိုက်သည်။ အဲ့ဒီ့ ခပ်၀၀ သူငယ်ချင်းသာ မထည့်ပေးလိုက်။ အခုတော့ သူမောနေသည်။ ဆက်မတတ်နိုင်တော့ ။ ကျွန်တော်ရယ်၊ နောက်သူငယ်ချင်း တစ်ယောက်ရယ်က တလှည့်စီ အထုပ်ကို ကိုင်ပေးသည်။ တကယ်ဆိုရင် ကိုင်ပေးစရာကို အကြောင်းမရှိ။ ချစ်ဦးကတော့ ကျွန်တော်တို့ရှေ့ကနေ တက်သွားသည်။ သူလည်း မောနေပေလိမ့်မည်။ တောင်ပေါ်ရောက်ရောက်ချင်း ဟိုတယ် မရခင် ကျွန်တော်တို့ တွေ ခဏအိပ်ဖို့ ခေါင်းဆောင်လုပ်သူ သူငယ်ချင်းတစ်ယောက်က ထမင်းဆိုင်တွေရဲ့ အပေါ်ထပ်ကို နေ့တဝက်ငှားလိုက်သည်။ သူငယ်ချင်း အားလုံးက ခြေပစ်လက်ပစ် အိပ်ဖို့ ပြင်နေစဉ် ချစ်ဦး က ကျွန်တော့်ကိုခေါ်သည်။

'ဇန်သြ ...ဘုရားသွားဖူးရင်း နေထွက် တာ သွားကြည့်ရအောင်'

တခြားသူ တစ်ယောက်ယောက် သာ ခေါ်ခဲ့လျှင် ကျွန်တော် ငြင်းမိမှာ သေချာသည်။ တညလုံး တောင်တက်ခဲ့ရလို့ ခြေထောက်တွေ တောင့်တင်းနေသည်။ လူတကိုယ်လုံး မလှုပ်ချင်တော့အောင် နာကျင်နေသည်။ နောက်ထပ် လမ်း ဆက်မလျောက်ချင်တော့။ ဘယ်သူငယ်ချင်းမှ သူခေါ်၍ မရလို့များ ကျွန်တော့်ကို အဖော် ခေါ်တာလား ဆိုတဲ့ အတွေးတစ်ခု ကျွန်တော့်ခေါင်းထဲ ဝင်လာသေးသည်။

'အင်...သွားမယ်လေ...ခဏလေး စောင့်'

အဖွဲ့ခေါင်းဆောင် သူငယ်ချင်းက

'ဒီနှစ်ယောက် မအိပ်ဘဲ...လျောက်သွားအုံးမယ်... နောက်မှ သွားလည်းရတာကို... အဟမ်း..အဟမ်း...'

'ဟီး...ဟီး...' ခြောက်ကပ်နေတဲ့ ရယ်သံ အတုဖြင့်သာ တုန့်ပြန်လိုက်မိသည်။

ချစ်ဦးWhere stories live. Discover now