Long long ago,
တိုင်းပြည်တစ်ပြည်မှာ သူငယ်ကလေးတစ်ယောက်ရှိတယ်ပြီး ဖခင်နဲ့အတူနေထိုင်တာပေါ့.......
သူ့မိခင်ဟာ သူငယ်ငယ်လေးကတည်းက သေဆုံးသွားတာပေါ့😭😭 မောင်ရူပလေးရဲ့ အဖေဟာ သူဌေးကြီး တစ်ယောက်ဖြစ်တဲ့အတွက် သူ့အဖေနက်လက်ထပ်ချင်တဲ့ မိန်းမတွေ အများကြီးပေါ့👪👪အ့ထဲကမှ ခင်သူဇာဆိုတဲ့ မိန်းမနက် လက်ထပ်လိုက်တာပေါ့........မောင်ရူပလေးရဲ့ မိထွေးဟာ သူ့ဖခင်သူဌေးကြီးရှေ့မာတော့ စိတ်ကောင်းရှိသယောင် ဟန်ဆောင်နေပေမဲ့ သူ့ဖခင်နောက်ကွယ်ရောက်ရင် မောင်ရူပလေးကို နှိပ်စက်တော့တာပေါ့😭😭😭
မောင်ရူပလေးကို မိထွေးက အမြဲတမ်း အလုပ်နက် လက်နက် မပြတ်အောင် ခိုင်းထားတာပေါ့.........
ကျွေးတော့လဲ မဝတဝပဲစားရတယ်😢😢
အိပ်တော့လဲ ချောင်ထဲမာ😥😥
ဝတ်ရပြန်တော့လဲ အစုတ်အပြတ်.....မောင်ရူပလေးဟာ သူ့မိထွေးကိုလဲပြန်မပြောရဲဘူး😿😿မိထွေးနှိပ်စက်သမျှ သူ့ဖခင်ကိုလဲ ပြန်မပြောရဲဘူးပေါ့......
ဒါကြောင့် ညစဉ် ဘုရားရှိခိုးပီး နတ်တွေကို အမျှဝေသတဲ့.....သူ့မှာ အားကိုးစရာ သမာဒေဝနတ်ကောင်းနတ်မြတ်တွေပဲ ရှိတော့တာကိုး🙏🙏
မိထွေးဟာ အိမ်အလုပ်ဆိုဘာမှ မလုပ်ပဲ ကြော့နေအောင် ဖီးလိမ်းဝတ်စားပီးနေသတဲ့ 😤😤😤
တစ်နေ့ကျတော့ သူတို့မြို့ မြို့ဝန် ဦးပညာ ရဲ့သား သီဟသူရ. ရဲ့ မွေးနေ့ပွဲ ကျင်းပသတဲ့🎂🎂🎂
အ့ဒီအခါ တစ်မြို့လုံးမာ ရှိရှိသမျှ လူပျိုလူရွယ်တွေ မွေးနေ့ပွဲကို တက်ဖို့ မောင်းကြေးနင်းခတ်ပီးကြော်ငြာတော့တာပေါ့📢📢📢📢
မြို့ဝန်သား ဟာ သိပ်ခန့်တော့ မြို့တစ်မြို့လုံး လူပျိုလူရွယ်တွေဟာ အဝတ်အစား သစ်သစ်လွင်လွင်တွေဝတ်ပီး အမွှေးအကြိုင် တွေ ဖျန်းကာ သီဟသူရ ရဲ့မွေးနေ့ပွဲကို သွားကြတာပေါ့🏃🏃🏃🏃