ဆုတောင်းတတ်သူ

28 3 0
                                    

အရင်ဦးဆုံး ကျွန်တော် ပုံပြင်လေးတစ်ပုဒ် ပြောချင်ပါတယ်။ တစ်ခါတုန်းက ဆင်းရဲသားလေးတစ်ဦး ရှိတယ်။ သူလမ်းလျှောက်ရင်းနဲ့ ပင်လယ်ကမ်းစပ်တစ်နေရာမှာ မြေအိုးလေးတစ်လုံး တွေ့တယ်။ အဲ့ဒီမြေအိုးလေးကို လက်နဲ့ ပွတ်လိုက်တယ်။ အဲ့အခါမှာ ဘီလူးကြီးတစ်ကောင် ထွက်လာတယ်။

အဲ့ဒီဘီလူးကြီးက သူ့ကို ပြောလိုက်တယ်။ မြေအိုးထဲက ထွက်လို့ရအောင် လုပ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီအတွက် အမောင်ကို လိုတရ ဆုသုံးဆု ပေးချင်ပါတယ်လို့ ပြောတဲ့အခါမှာ ဆင်းရဲသားလေးက အရမ်းကို ဝမ်းသာသွားတယ်။

ဆင်းရဲသားလေးက နေ့စဉ်ထမင်း နပ်မှန်အောင် မစားရတဲ့အတွက် သူက အစားအစာတွေ ပေးပါလို့ ဘီလူးကြီးကို တောင်းလိုက်တယ်။ ဘီးလူးကြီးကလည်း ချက်ချင်း (ဟပ်ချလောင်း) ဆိုတာနဲ့ အစားအစာတွေ ရောက်လာတယ်။ ဒီလိုနဲ့ လိုတရဆုတစ်ခုတော့ ပြီးသွားတယ်။

နောက်တစ်ဆုကို သူထပ်တောင်းတယ်။ အဲ့ဒါက သူမိသားစုအတွက် အစားအစာ၊ နေဖို့အိမ် လိုချင်ပါတယ်ပေါ့။ ဒီအခါမှာလည်း ဘီလူးကြီးက ဖြည့်ဆည်းပေးလိုက်တယ်။

ဘီလူးကြီးက နောက်ဆုံးဆု တောင်းပါလို့ ပြောလိုက်တယ်။ နောက်ဆုံးဆုကို မတောင်းခင်မှာ ဆင်းရဲသားလေးက ဘာကို တွေးလိုက်သလဲဆိုတော့ ဘာကို တောင်းရင်ကောင်းမလဲ၊ လယ်မြေတွေ ယူရင်ကောင်းမလား စသဖြင့် သူအမျိုးမျိုး စဉ်းစားတယ်။ အဲ့ဒါနဲ့ နောက်ဆုံးဆုကို တောင်းလိုက်တယ်။

"ဘီလူးကြီး ကျွန်တော်ကို နောက်ထပ်လိုတရဆုသုံးခုကို နောက်ဆုံးအနေနဲ့ ဖြည့်ဆည်းပေးပါလို့ ပြောလိုက်တယ်။"

ဒီအခါမှာလည်း အဲ့ဒီဆုကို ဘီလူးကြီးပေးလိုက်တယ်။ အဲ့တာနဲ့ နောက်ထပ် ၃ ဆုတောင်းခွင့်ရသွားပါတယ်တဲ့။

ဒီပုံပြင်လေးကို ပြန်ပြီး အနှစ်ချုပ်ကြည့်လိုက်ရင် လိုတရဆုသုံးခုဟာ ကျွန်တော်တို့ရဲ့ အချိန်တွေနဲ့လည်း တူတယ်။ ပိုက်ဆံတွေနဲ့လည်း တူတယ်။

အချိန်ကို သုံးပိုင်း၊ ပိုင်းကြည့်မယ်ဆိုရင် ပထမ (၈)နာရီက ကျွန်တော်တို့ အိပ်ဖို့၊ ဒုတိယ (၈)နာရီကကျတော့ ကျွန်တော်တို့ မိသားစုအတွက် စီးပွားရေးလုပ်ရမယ့် အချိန်၊ နောက်ဆုံး(၈)နာရီကလည်း ကျွန်တော်တို့ အချိန် နောက် (၈)နာရီ ပြန်ထွက်လာအောင် စာအုပ်တွေ ဖတ်တာ၊ တစ်ခုခုကို ကြိုးစားလုပ်ကိုင်တာ၊ ပညာရပ်တစ်ခုကို လေ့လာဆည်းပူးတာ၊ တိုးတက်ရေးအတွက် တွေးတောကြံစည်တာမျိုး လုပ်ရမယ်။ ဒါက အချိန်ရဲ့ အပိုင်းလေးကို ဒီပုံပြင်ထဲက သင်ခန်းစာအဖြစ်ယူနိုင်တဲ့ သာဓကတစ်ခုပါ။

နောက်ထပ် ပိုက်ဆံနဲ့ ပက်သက်လို့လည်း သင်ခန်းစာ ယူနိုင်သေးတယ်။ မိမိရဲ့ လစာဝင်ငွေကို သုံးပုံခွဲလိုက်ပြီး ပထမဝင်ငွေကို မိမိရဲ့ နေ့စဉ်သုံးစားစရိတ်ထဲ ထည့်လိုက်မယ်။ ဒုတိယပိုက်ဆံကိုတော့ မိသားစုအရေးတွေ၊ လုပ်ငန်းပိုင်းတွေထဲမှာ ရင်းနှီးဖို့ ဖယ်ထားလိုက်မယ်။ နောက်ဆုံးပိုက်ဆံအစုကိုတော့ လိုတရဆုသုံးဆုလို ပြန်ရအောင် လုပ်သလိုမျိုး အဲ့ဒီပိုက်ဆံကို ရင်းပြီး နောက်ထပ်ပိုက်ဆံတွေ တိုးပွားလာအောင် လုပ်ရမယ်။

အဲ့လိုမျိုး အချိန်နဲ့ ပိုက်ဆံကို ခွဲဝေအသုံးပြုတာဟာ အနာဂတ်မှာ နောက်ထပ်လိုတရဆုတွေ ရအောင် ခန့်ခွဲတတ်ဖို့ပါ။ ဒီနေ့ပြောလိုက်တဲ့ အကြောင်းအရာလေးကနည်းနည်းလေး ရှည်သွားပေမယ့် မိတ်ေ

အဲ့လိုမျိုး အချိန်နဲ့ ပိုက်ဆံကို ခွဲဝေအသုံးပြုတာဟာ အနာဂတ်မှာ နောက်ထပ်လိုတရဆုတွေ ရအောင် ခန့်ခွဲတတ်ဖို့ပါ။ ဒီနေ့ပြောလိုက်တဲ့ အကြောင်းအရာလေးကနည်းနည်းလေး ရှည်သွားပေမယ့် မိတ်ေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဆွရဲ့ အချိန်နဲ့ ပိုက်ဆံကို အသုံးချဖို့ နည်းလမ်းသစ်လေးတစ်ခု ဖြစ်စေမယ်လို့ ထင်ပါတယ်။

#SuccessIn2Min
💎ဒီနေ့ ဒီစာလေးက မိတ်ဆွေအတွက် အသိတခုရသွားစေတယ်ဆိုရင် ကျွန်တော်ဝမ်းသာပါတယ်။

You've reached the end of published parts.

⏰ Last updated: Apr 16, 2020 ⏰

Add this story to your Library to get notified about new parts!

ဆုတောင်းတတ်သူ Where stories live. Discover now