'"Tiffany Hwang Jessica Jung Lee Sunny.....စာမေးပွဲ ကျပြန်ပြီ......သွား စာကြည့်တိုက်က ဆေးတွေပြယ်နေတဲ့ နံရံကို ဆေးသွားသုတ်......."
"Ash....."
ဒီတစ်ခါတော့ Tiffany ကောင်းမှုကြောင့် Jessicaတို့ပါ စာမေးပွဲ ကျလေ၏
"ကဲ သူငယ်ချင်းတို့ရေ ပျော်ပျော်ပါးပါးကြီး ဆေးသွားသုတ်ကြတာပေါ့...."
Fany ထရပ်လိုက်ပြီး ပြောလိုက်သည်......
"Hey ငါပါလိုက်ခဲ့မယ်လေ......."
Seolhyunပါ Fanyတို့နဲ့ အတူ စာကြည့်တိုက်ကို ဆေးသုတ်ဖို့ လိုက်လာလေသည်.....
Fanyတစ်ယောက် ဂျစ်ကန်ကန်လူဆိုးမဆိုပေမယ့် သူလုပ်ရမည့်အလုပ်ကိုတော့ သေချာလုပ်သည်
"Jagiya.. .မင်းကတော့ အမြဲ အံ့သြစရာကောင်းနေတာဘဲ..."
Fany ကြိုးစားပြီး ဆေးသုတ်နေရင်း ရုတ်တရက် သူ့အနားသို့ ကပ်ကာပြောသော Taeyeon စကားကြောင့် လန့်သွားလေသည်....
"Aigoo....ကိုယ်ပါ မလန့်ပါနဲ့ အသည်းလေးရဲ့......."
"Fany ah နေမကောင်းဘူးလား မျက်နှာကြီးလည်း နီရဲလို့.. .."
Seolhyun လည်း စာကြည့်တိုက်အတွင်းထဲ ဆေးသုတ်ပြီးနောက် အပြင်ထွက်လာတော့ ရှက်ပြီး မျက်နှာကြီးနီရဲနေတဲ့ Fanyကို တွေ့တော့ နေမကောင်းဘူးထင်နေ၏
"Ah မဟုတ်....မဟုတ်ဘူး ဒီတိုင်း ရေဆာလို့...."
Fany ညာပြောလိုက်၏"ဟင် ဒါဆို ရေဘူးဝယ်ပေးရမလား....Taeyeon Oppaလည်း ရှိနေတော့ ငါ သူနဲ့သွားဝယ်လိုက်မယ်လေ...."
Seolhyun Taeyeonကို ကြည့်ပြီး ပြောလိုက်သည်"Sorry ကျွန်တော် လုပ်စရာရှိသေးလို့ မင်းနဲ့ အတူ မလိုက်နိုင်ဘူး "
မနေ့တုံးကတော့ သူနဲ့ အတူ ရယ်မောပြီး စကားပြောခဲ့တဲ့ Taeyeon မှာ ယခုတော့ အေးစက်စက်ကြီး ငြင်းလိုက်တော့ Seolhyun ၀မ်းနည်းသွားလေသည်။
"Come on..ငါနဲ့သွားဝယ်မယ်လာ....."
Seolhyunကို Sunny ဆွဲခေါ်သွားလေ၏
VOCÊ ESTÁ LENDO
လူဆိုးမလေး ကိုယ့်ချစ်သူ
Fanficလူဆိုးမလေး Tiffanyနဲ့......စံပြကျောင်းသားလေး Taeyeon.... #Taeny_Myanmar #Normal