Relationship

5.2K 464 105
                                    

" Baekhyun ah~~ "

ကျွန်​​တော့်​ရဲ့သာယာလှပ​သော မနက်​ခင်း​လေးဟာ ထိုအသံသြသြနဲ့ မိစ္ဆာ​ကောင်​​ကြောင့်​ပျက်​စီးသွားရပါပြီ...။

ကျွန်​​တော်​ခြုံထားတဲ့​ဆောင်​ကို အတင်းဆွဲဖယ်​ပြီး ကျွန်​​တော့်​ကို ထဖို့​ပြော​နေ​သော မိစ္ဆာ​ကောင်​ကြီး..။

" မိုး​တောင်​မလင်း​သေးဖူးကွာ မထချင်​​သေးဘူး အိပ်​အုံးမှာ "

သူဆွဲ​ဖယ်​လိုက်​​သည့်​​စောင်​ကိုပြန်​ခြုံရင်း မ​ကျေမနပ်​ ပြန်​​ပြောလိုက်​တော့...။

" ​ဘာ​ပြောတယ်​ မိုးမ​လင်း​သေးဖူးဟုတ်​လား မင်း​ဘောင်းဘီ​ချွတ်​ကြည့်​လိုက်​ ​​နေကမင်းဖင်ကိုထိုးရုံတင်​မကဘူး ဖင်​ထဲ​တောင်​ဝင်​​နေပြီ မြန်​မြန်​ထကွာ Baekhyun "

" မင်းဘာလို့ငါ့ကိုအတင်းနှိုး​နေတာလဲ "

စောင်​ကိုအတင်းပြန်​ဆွဲဖယ်​ရင်း နှိုး​နေ​သောသူ့​​ကြောင့်​ စိတ်​ပျက်​လက်​ပျက်​ ထထိုင်​ရင်း​မေးမိ​တော့..။

" ရည်းစားအငှါးလိုက်​​ပေးပါအုံး "

" ဘာ...ထပ်​ပြီး​တော့ "

" အင်းဟုတ်​တယ်​...ငါ့အ​မေကမိန်းမမယူချင်​​သေးဘူး​ပြောလည်းမရဘူး အခုလည်း​နောက်​တ​ယောက်​နဲ့သွား​တွေ့ခိုင်းပြန်​ပြီ အဲ့​တော့ ထုံးစံအတိုင်း ငါ့ရည်းစားအဖြစ်​ဟန်​​ဆောင်​​ပေးအုံး​နော်​ "

မျက်​နှာငယ်​​လေး​ပြော​နေတာသနားစရာ..၊
ဒါ​ပေမဲ့ Baekhyunတို့က​တော့ရိုးသွားပြီ ပြီးရင်​ဒီ​ကောင်​​ကျေးဇူးသိတတ်​တာမဟုတ်​ဖူး...။

" sorryပဲ chanyeol ငါလုံးဝလုံးဝမလိုက်​နိုင်​ဖူး "

" ဘာလို့လဲ "

" မင်းကပြီးရင်​စားထားသမျှကိုငါ့ကိုပဲပိုက်​ဆံရှင်းခိုင်းတယ်​​လေ "

" ဒီတခါမရှင်းခိုင်းဘူး ဒီမှာ ငါပိုက်​ဆံအများကြီးယူလာတယ်​ မင်းစားချင်​တာပါစားလို့ရတယ်​ငါဝယ်​​ကျွေးမယ်​ "

ခါးကြားထဲက ပိုက်​ဆံအိတ်​ကိုဆွဲထုတ်​ကာ ဆိုလာ​သောChanyeol..။

Relationship Where stories live. Discover now