*BitterSweet*
ပိတ်ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ ပေါ့ရှန်မှာလည်း ကြီးမားတဲ့ ပြဿနာတော့ မရှိခဲ့ဘူး။စာအုပ်ဆိုင်ကဝယ်လာတဲ့ စာအုပ်အချို့ ဖတ်လိုက်၊ရုပ်ရှင်ကြည့်လိုက်၊သင်ခန်းစာပြန်လုပ်လိုက်နဲ့ပဲ အချိန်ကုန်ဆုံးဖြစ်ခဲ့သည်။
ဗြောင်းဘတ်ခ်ဟွန်းမှာ ပေါ့ရှန်ဆိုတဲ့ သူနဲ့တူတာသိပ်မရှိဘူး။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားတွေစုဆောင်းရတာတော့ တစ်ချက်သွားတူသည်။ဘတ်ခ်ဟွန်းမှာ ဟိုး၁၉ဝဝအလွန်ပိုင်းက ဇာတ်ကားတစ်ချို့ နဲ့တခြားရှားပါး ရုပ်ရှင်တစ်ချို့ ရှိနေတာကို သူ့ရဲ့စာအုပ်စင်မှာသွားတွေ့သည်။
အဲ့ဒီရုပ်ရှင်တွေက တရုတ်မှာရှိတဲ့ ပေါ့ရှန်အတွက်တောင် ရှာရခက်တဲ့အရာတွေပဲ။
နောက်ပြီးမူလတန်းတုန်းကကျောင်းဒိုင်ယာရီမှာလည်း ရုပ်ရှင်ရုံတစ်ခုပိုင်ချင်တယ် လို့ ရေးထားသေးသည်။ပေါ့ရှန်ဟာ ဗြောင်းဘတ်ခ်ဟွန်းရဲ့ စိတ်ကူးလေးကို သိရတော့ ပြုံးလိုက်မိသည်။
ဒီလောက် ချစ်စရာကောင်းတဲ့ကလေးတစ်ယောက် ကို လူ့လောကထဲက ဆွဲထုတ်သွားတာ သိပ်ကို နှမြောဖို့ကောင်းလွန်းနေသည်။အတွေးစနဲ့အတူ ပေါ့ရှန် မျက်နှာမိုင်ကျသွားသည်။
သူ့မာမားရော ဒီအချိန်မှာ ဘယ်လိုများဖြစ်နေမလဲ။..*မား....လွမ်းတယ်ဗျာ မားရောနေကောင်းရဲ့လား
တကယ်လို့ ဗြောင်းဘတ်ခ်ဟွန်းဆိုတဲ့တစ်ယောက် မားနဲ့အတူရှိနေမယ်ဆိုရင် ဂရုစိုက်လိုက်ပါ သူအရမ်းအထီးကျန်နေတဲ့ ကလေးတစ်ယောက်ဖြစ်နေလို့ပါ...။"ဒေါက်...ဒေါက် ...ဒေါက် "
"သား...မေမေဝင်ခဲ့မယ်နော်"
အခန်းတံခါး ခေါက်သံနဲ့အတူ ဘတ်ခ်ဟွန်းရဲ့ အမေအခန်းထဲသို့်ဝင်လာခဲ့သည်။
"ဟုတ်ကဲ့"
သူမရဲ့လက်ထဲက ဘူးလေးကို သူမရဲ့ ရတနာလေးလက်ထဲ ထည့်ပေးလိုက်သည်။
"သားလေး...ဒါလေးဖွင့်ကြည့်"
"ဘာလဲ မား အာ မေမေ"
သူမဟာ အရင်ဖွင့်ကြည့်လိုက်ပါဆိုတဲ့ မျက်ဝန်းနဲ့ကြည့်တော့.. ပေါ့ရှန်လက်ထဲက ဘူးလေးကို ဖွင့်လိုက်သည်။