ကိုယ့်​ရဲ့ပြဿဒါး

597 43 5
                                    

'ဒီနေ့​ကျောင်းမအပ်​ကြနဲ့ဦးကြာသပ​တေး​နေ့​ပေမယ့်​ပြဿဒါး​နေ့နဲ့တိုက်​​နေတယ်​ ​သောကြာ​နေ့ကမှရက်​ရာဇာ နက်​ဖြန်​မှသွားအပ်​​တော့´လို့ဆိုလာတဲ့​ဗေဒင်​ယုံသူဖွားဖွား​ကြောင့်​မသိမသာရွဲ့သွား​သောကိုယ့်​နှုတ်​ခမ်းကိုအသာပြင်​လိုက်​ရသည်​။
မေသည်​ဖွားအားမရိုမ​သေဆူပုတ်​ပြသည်​ကို​တောင်​မကြိုက်​တတ်​၊ ကိုယ့်​လိုအရာရာလက်​​တွေ့မှယုံတတ်​သူနှင့်​​ရှေးရိုးစွဲဖွားနဲ့​မေ​ကြောင့်​​နေ့စဉ်​ဘဝဟာအဆင်​မ​ချော​နေတတ်​၊
တစ်​ခုမဟုတ်​တစ်​ခုကန့်​လန့်​တိုက်​မိသည်​ချည်းသာ
ဤသည်​ကားထုံးစံ။

'​ဖွားကလည်း ရက်​ရာဇာ ပြဿဒါးလုပ်​မ​နေပါနဲ့
ကောင်းတာလုပ်​ရင်​ရက်​ရာဇာပဲ​ပေါ့ ကိုယ်​ကမ​ကောင်းတာလုပ်​တာမှမဟုတ်တာကျောင်းမှာစာသင်​ဖို့အ​ရေးပဲ ​နောက်​ပြီး​နောက်​ကျလို့ပုံနှိပ်​စာအုပ်​​တွေကုန်​သွားတဲ့အခါဖွားကဝယ်​​ပေးမှာမို့လို့လား
မေ ပိုက်​ဆံ​ပေး ကိုယ်​​ကျောင်းသွားအပ်​​တော့မယ်​´
အလိုမကျတဲ့မျက်နှာဖြင့်​သုန်​မှုန်​သွား​​သောဖွားအားအသာပြုံးပြရင်း ပွစိပွစိဖြင့်​ပိုက်ဆံ​ကမ်း​ပေးလာ​​သော​မေ့ကို 'ကိုယ်​သွားပြီ´
လို့​ပြောရင်းအချစ်​​တော်​စက်​ဘီးအားထုတ်​စီးလိုက်​သည်​။

ကိုယ့်​ရဲ့ပြဿဒါး​နေ့သည်​သာယာသည်​ထက်​ပိုခဲ့သည်။သာသာ​လေးတိုက်​ခတ်​​နေ​သော​လေ​ပြေများသည်​အစိမ်းနု​ရောင်​ပျိုးခင်းများအားယိမ်းနွဲ့​နေ​စေသည်​။မျဉ်းအလိုက်​ယိမ်းယိုင်​သွား​သောပျိုးပင်​များအားဖြတ်​သန်းကာရွာထိပ်​​ရှိအထက်​တန်း​ကျောင်းသို့သွား​နေ​သောကိုယ့်​အား​ကောက်​စိုက်​သူတချို့ကပြုံး၍နှုတ်​ဆက်​ကြသည်
ကိုယ်​ဟာအိမ်​မှာချဉ်​ဖတ်​ဖြစ်​​ကောင်းဖြစ်​​ပေမည်​ သို့​ပေမယ့်​ကိုယ်​သည်​လူချစ်​လူခင်​​​ပေါများ​သော​ကောင်​​လေးတစ်​​ယောက်​သာဖြစ်​သည်​။

မိုးဦရာသီသည်​​လေတဖြူးဖြူးတိုက်​ခတ်​​နေတတ်​ပြီး​နေ​ရောင်​သည်​အရမ်းထွန်းလင်းခြင်းမရှိ ဤသည်​ကကိုယ်​ချစ်​​သောရာသီ၏အ​နေအထား နားကြပ်​ထဲကvolumeကိုမြှ့င့်​ပြီးသည်​နှင့်​စက်ဘီးအား​တဟုန်​ထိုးအားစိုက်​နင်း​လိုက်​​သောကိုယ်၏ ပြဿဒါး​သည်​ အစဉ်​အလာမပြတ်​ကံဆိုးမှုတို့အား​ဆောင်​ကြည်းမြဲဖြစ်​သည်​။
ကုန်းအဆင်းတွင်​ပြတ်​သွား​သောဘရိတ်​အားကျိန်​ဆဲရင်းဖြစ်​ချင်​ရာဖြစ်​ဟုစိတ်​လွှတ်​လိုက်​​သောကိုယ်​သည်​ ကိုယ်​ထူကိုယ်​ထကွန်​ကရစ်​လမ်း၏အစွန်းတွင်​ပုံကျ​နေခဲ့သည်​။
ကျွန်​​တော့်​၏ပြဿဒါးသည်​ရက်​ရာဇာအဖြစ်​သို့ကူး​ပြောင်း​စေမည့်​သူနှင့်​မ​တွေ့ခင်​အချိန်​ထိအပြီးတိုင်​ရက်​စက်​ခဲ့သည်​ထင်​ပါသည်​။
'ရရဲ့လားညီ´ဟုတိုင်းရင်းသားဘာသာစကားဖြင့်​ဆိုလာ​သောအဆိုကိုကိုယ်​အပြည့်​အဝနားလည်​ပါ​သော်​လည်းထိုသူ၏အသွင်​ကကိုယ့်​ကိုဆွံ့အ​စေခဲ့သည်​။
ကိုယ်​နားမလည်​ဘူးအထင်​နှင့်​​ပြောင်းလဲသုံးနှုန်းလိုက်​​သောအသံသြသြတို့​ကြောင့်​​ငေး​နေမိခြင်းအားသတိပြန်​ဝင်​​တော့'ထနိုင်​လား ထကြည့်​ဦးညီ ခန ကိုယ်​ထူ​ပေးမယ်​´နှင့်​တပြိုင်​နက်​ကိုယ့်​ကိုညင်​ညင်​သာသာထူမ​ပေး​သောထိုသူအားထိုအချိန်​ခနတွင်​နတ်​သား​လေးလို့ကိုယ်​မြင်​လာသည်​။
ထိုနတ်​သား​လေးသည်​ကိုယ့်​အားတွဲရင်းရွာလယ်​ရှိကိုယ့်​အိမ်​ကိုအ​ရောက်​ပြန်​ပို့သည်​အထိကိုယ်​ဆွံ့အ​နေခဲ့သည်​။
ဆွံ့အ​နေ​သောကိုယ့်​၏နှုတ်​ခမ်းနှင့်​ဆန့်​ကျင်​စွာမြည်​ဟီး​နေ​သေားနှလုံးခုန်​သံ​ကြောင့်​​တော့ ထိုသူအား ​ကျေးဇူးတင်​စကား​ပြောရန်​မ​မေ့ခဲ့​ပေ။
'​ကျေးဇူးတင်​ပါတယ်​ အကို´လို့တိုင်းရင်းသားစကားဖြင့်​​ပြော​တော့ မျက်​ခုံးပင့်​၍ပြန်​ကြည့်​​သောထိုသူသည်​ ပါးချိုင့်​များခွက်​​အောင်​ပြုံးပြရင်း 'ညီကမွန်​လူမျိုးပဲကိုး´လို့ဆိုရင်း
ကိုယ့်​ခေါင်းထက်​မှဆံပင်​အချို့အားအုပ်​ကိုင်​ရင်း'ကဲ့ ​ဒေ့ ​နောက်​မှ​တွေ့တာ​ပေါ့´လို့ဆိုခဲ့သည်​။

ကိုယ့်​ရဲ့ပြဿဒါးWhere stories live. Discover now