အခန်း(၉၁) ကိုယ့်နံမည်ကိုခေါ်ပါ
ချန်အန်းရဲ့ဘဝအမှန်ဟာ သံသယဖြစ်စရာနည်းနည်းလေးမှမရှိခဲ့ဘူး။ ဒါပေမယ့် အခုလိုမူးနေတဲ့အချိန်သက်သက်မဲ့ဟန်ဆောင်နေတာလည်းမဖြစ်နိုင်ဘူး။ အသိစိတ်သေချာမကပ်သေးတဲ့အခြေအနေမှာ ပြောနေတဲ့စကားတွေက အိုင်ဗန်ကိုအနည်းငယ်အံ့အားသင့်သွားစေသည်။
မဟုတ်သေး အနည်းငယ် မဟုတ်ဘူး အကြီးအကျယ်လို့ပြောရမယ်။
ကိတ်ယာရှာယူလာတဲ့သတင်းအရ မြေခွေးအိုကြီးချန်ကျန်းအန်း သေချာပေါက်သေသွားခဲ့ပြီ။ အဲ့ဒီအတွက်သူ့မှာ ညပေါင်းများဝမ်းနည်းကြေကွဲနေခဲ့ရသေးတယ်။ ဒါပေမယ့် အခုကဘာလဲ။
အိုင်ဗန် လှုပ်ရှားမှုတွေရပ်လိုက်ပြီး ချန်အန်းမေးရိုးကိုညစ်ကာ မျက်လုံးတွေကိုဆုံကြည့်လိုက်သည်။ သူဒီလူရဲ့ပါးပြင်ကို ကုပ်ခြစ်ပြီး လူမျက်နှာသားရည်တုများစွပ်ထားသလားလို့တောင် အတည်ပြုချင်လာသည်။
"ခင်များကဘယ်သူလဲ?''
လုဖုန်းမေးခဲ့ဖူးသည့် မေးခွန်းကိုအခုတော့ အိုင်ဗန်ကတစ်ခါပြန်မေးနေရပြီ။ ကိုယ့်ကမ္ဘာထဲနစ်မြောနေသည့် ချန်အန်းကတော့ပြန်မဖြေပေ။ သူ့ညီနံမည်ကိုသာ အထပ်ထပ်အခါခါရွတ်နေတာကြောင့် အိုင်ဗန်နေရခက်လာသည်။
ဒီလူ့အပေါ်ထားတဲ့သူ့ရဲ့ဂရုစိုက်မှုတွေကသာမန်မဟုတ်ဘူး..အမှန်ကိုပေါ်ဖို့သူအချိန်ယူလို့ရတယ်။ ဒါပေမယ့် တရုတ်စကားပုံတစ်ခုအတိုင်း 'မင်္ဂလာဦးညက ရွှေစင်တစ်သောင်းထက်တန်ဖိုးရှိတယ်' ဆိုသလို အခြားအကြောင်းကြောင့်နဲ့ သူဒီညကိုအလွဲမခံနိုင်ဘူး။
ဒီလူက မြေခွေးအိုကြီး ဖြစ်နိုင်တယ်ဆိုတဲ့အတွေးက သူ့သွေးတွေကိုရေဆူမှတ်ရောက်စေတယ်။ ထိုအချိန်တစ်လျှောက် ထိတွေ့နေသူမှာ အိုင်ဗန်ဖြစ်သော်လည်း ချန်အန်းက အခြားလူနံမည်ကိုသာ ရေရွတ်နေခဲ့သည်။ အစက ကျန်းလဲ့ အဲ့ဒီနောက်မှာ လုဖုန်း ဆိုသည့်နံမည်က အစားဝင်လာသည်။
![](https://img.wattpad.com/cover/137014768-288-k770765.jpg)
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...