ကဲ...anti ဆိုတဲ့ လက်မှတ်စစ်ကြီးရောက်လာပါပြီ..
ကျွန်မရဲ့အရောင်မွဲမွဲပိုက်ဆံအိတ်ထဲက ရထားလက်မှတ်ကို ဆွဲထုတ်လိုက်တယ်...ဟင်......
EXO ဆိုတဲ့ ဘူတာမှာ လူသတ်မှုဖြစ်လို့ ဆိုပြီး...
ရထားမရပ်ပေးနိုင်ဘူးပြောတယ်...ကျွန်မလဲ အဲ့ ဘူတာမှာ ဆင်းရမှာဆိုတော့ ပြာသွားတယ်...ကျွန်မနာမည်က L....
လက်မှတ်စစ်ဦးလေးကြီးကို အဲ့ EXOဘူတာမှာ ရပ်ပေးဖို့ ကျွန်မနဲ့ နာမည်တူ ကောင်မလေးကတောင်းဆိုနေတယ်....ဦးလေးကြီးက အလျှော့မပေးတဲ့ပုံနဲ့ မရပ်ပေးနိုင်ကြောင်း ခပ်ပြတ်ပြတ်ပြောလိုက်တော့... Lဆိုတဲ့ ကောင်မလေး စိတ်ရှုပ်သွားတယ်...
မကြာပါဘူး...
ပြတင်းပေါက်နားက ကွမ်းယာရောင်းတဲ့ ဦးလေးကြီးက ...
'ငါမသေချင်သေးဘူး...ငါ့သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် ငါပိုက်ဆံရှာရဦးမှာ..
ရထားကို လုံးဝမရပ်ပါနဲ့...'
လို့ အော်ပြောတယ်......
ဟို ကောင်မလေးငိုသွားတယ်...ကျွန်မဆီ လက်မှတ်စစ်ကြီး anti ရောက်လာတော့...
ကျွန်မလက်မှတ်ကို ပြရင်း....အကျိုးအကြောင်းမေးကြည့်တော့...
လူသတ်သမားက အဲ့နားတဝိုက်မှာ ဖမ်းမရသေးလို့ပါဆိုပြီး စိတ်မရှည်သလို ..ရှင်းပြတယ်....မဖြစ်ဘူး..
အဲ့မှာ ကျွန်မကိုစောင့်နေတဲ့လူ ဆယ့်နှစ်ယောက်တောင်ရှိတယ်...
သုံးယောက်ကတော့ လူသတ်မှုကြောင့် ထိတ်လန့်ပြီးထွက်သွားလောက်ရောပေါ့...
ဘာပဲဖြစ်ဖြစ် ကျွန်မရအောင်သွားရမယ်..
သူတို့ကို တွေ့ရင် အလင်းချောင်း(Light stick)နဲ့.. ဝှေ့ရမ်းပြီး နူတ်ဆက်ဖို့ အခါခါမှာထားတဲ့ဟာကို...ရထားတွဲညာဘက်စွန်းထောင့်က ကျောင်းသူလေးယောက်အုပ်စုလဲ ကျွန်မလိုပဲ အလင်းချောင်းတွေကို လျော့တိလျော့ရဲ ကိုင်ထားတယ်....အိမ်ကမိဘတွေက ချက်ချင်းအိမ်ပြန်လာဖို့ ဖုန်းဆက်ဆူပူနေတယ်နဲ့တူတယ်...
မျက်နှာမကောင်းကြဘဲ...တစ်ခုခုကို တိုင်ပင်ဆွေးနွေးနေတယ်...အယ်... အခုမှ သတိထားမိတယ်...
ကျောင်းသူတွေထဲက အသားဖြူဖြူနဲ့ကောင်မလေးရဲ့ အင်္ကျီမှာ ကျွန်မနဲ့တွေ့ဖို့ချိန်းထားတဲ့ လူတစ်ယောက်ရဲ့နာမည်ကို ထိုးထားတယ်...
LUHANတဲ့...
အင်း...အဲ့လူကတော့ လူသတ်သမားကိုကြောက်လို့ ထွက်ပြေးသွားလောက်ပြီ...သူက အရမ်းအရှက်အကြောက်ကြီးလို့လေ...
ဒါပေမယ့် ကျွန်မထင်တာ ဟုတ်ချင်မှလဲ ဟုတ်မှာပါ...