Zawgyi
' ဝုန်း '
စားပွဲပေါ် ထုချလိုက်တဲ့ လက်သီးရဲ့ အားကြောင့်
ထွက်ပေါ်လာတဲ့ အသံဟာ စားပွဲရှေ့ က လူ
တစ်ချို့ ကိုပင် လန့် သွားစေသည်…သို့ သော် ခဏမျှ သာ …
' ဟိုကောင် … အဲ့ကောင်ကို တပ်ထဲ ခေါ်လာခဲ့
… အပေါင်းအပါ နှစ်ကောင်ပါ ဆွဲခေါ်လာခဲ့ '' ဟုတ်ကဲ့ ဗိုလ်မှူး '
ထို အမိန့် ပေးသူ၏ အရှေ့ မှ လူ ခြောက်
ယောက်ခန့် ထွက်ခွါသွားပြီးနောက် …' အဖေကြီးရယ် စိတ်လျော့ပါအုံး '
ဆက်လက်ကိုင်ထားစဲ ဖြစ်တဲ့ ဖုန်းဆီမှ တစ်ဖက်အသံသည် စိုးရိမ်နေသည့် မိခင်တစ်ဦး
အသံဖြစ်သည် …' အဲ့ကောင် လွန်နေပြီ '
' အဖေကြီး သားကို အတင်းအကြပ်မလုပ်နဲ့ ဖုန်း
ဆက်မိတာ မှားပြီသိလား ကျွန်မသားကို တပ်
ထဲ မထည့်နိုင်ဘူး '' အမေကြီး အလိုလိုက်လွန်းလို့ ဆိုးနေတာ
ဒီတစ်ခါ အမေကြီး ဝင်မပါနဲ့ …တပ်ထဲက ထွက်ပြေးရင် ထောင်ချပစ်မယ် '' အဖေကြီး ရှင် … '
တစ်ဖက်က အိမ်ထောင်ရှင် ဇနီးသည်ရဲ့ စကား
ကိုပင် ဆုံးအောင်နားမထောင်နိုင် ဖုန်းသာချပစ်
လိုက်ရသည် …မဟုတ်ရင် ' အဖေကြီး ရှင် … ' ဆိုတဲ့နောက်မှ
လိုက်ပါလာမည့် မျက်ရည်ထိုးနည်းအဖြာဖြာကို
ကျမ်းကျေနေပြီမို့ ဒီတစ်ခါတော့ အလျော့မပေး
ချင် …တပ်တွင်းရှိ တပ်သားစစ်သား ရာထူးရာခံမရွေး လူမကျန် ခွေးပါမချန် ရှိရှိသမျှ သူ့ အမိန့် ကို နာခံကြောက်ရွံ့ ရိုသေလေးစားကြသည် …
အိမ်မှ တစ်ဦးတည်းသော သားလိမ္မာကား အမေ
ဇုန်တောမှ ဘေးမဲ့သားရဲအကောင်ကြီးများထက်
ထိန်းရခက်သည် …သူသည် မဟုတ် … အပေါင်းအပါ လောင်းကျော်
နှစ်ကောင်ပါ အစစ်ပါသေး …အရွဲ့ တိုက်ကာဆိုးသည် … ပြန်မပြော နားမထောင်လုပ်ကာ ဆိုးသည် … ခပ်တည်တည်နဲ့ ဆိုးသည် … ကလေးလို
ချွဲနွဲ့ ကာ ဆိုးသည် … မထင်ရင် မထင်သလို ဆိုးသည် …