prologue

2.2K 83 1
                                    

လင်ဆိုးမယား တစ်ဖားဖား သားဆိုးအမေ တစ်ပေပေဆိုသောစကားနှင်အညီ မလိမ္မာသောသားကြောင့်Lee Dahaeတစ်ယောက်ကျောင်းသို့ပြေးရပြန်ပီလေ သားငယ်Oh sehunက အထက်တန်းကျောင်းသားတစ်ယောက်ကိုကပ်ကြေးနဲ့ထိုးလိုက်တယ်တဲ့ ဟိုတလောကတင် သားကြီးOh sejinကရန်ဖြစ်လို့ကျောင်းပြောင်းလိုက်ရတယ် အခုOh sehunက ထပ်ဖြစ်ပြန်ပီ
သူမကျောင်းရောက်တော့ Oh sehunအားကျောင်းသားများဝိုင်းချုပ်ထားကြသည်
"sehun နင်ထပ်မွေပြန်ပီလား"သူမငိုယို၍sehunအားပါးရိုက်လိုက်သည်
"omma ကျွန်နော့်ကိုဘာလို့ရိုက်တာလဲ"
"တိတ်စမ်း ငါ့ကိုအမေလို့အခေါ်နဲ့"
သားမိနှစ်ယောက်အခြေတင်ဖြစ်နေတုန်း ကျောင်းအုပ်ကြီးလာ၍
"ထိခိုက်သွားတဲ့ကလေးကိုတော့ ဆေးရုံပို့ လိုက်ပါပီ  တကယ်လို့ကလေးအသက်အန္တရာယ်ထိခိုက်ရင်တော့ ဟိုဘက်မိဘတွေက ခင်ဗျားသားကို ထောင်ထဲထည့်နိုင်တယ် ပီးတော့ဒီကလေးကိုဒီမှာဆက်ပီးလက်မခံနိုင်ဘူး"
"ဆရာကြီးရယ် ကျွန်မတောင်းပန်ပါတယ် သားလေးကိုကျောင်းမထုတ်ပါနဲ့ ထောင်ထဲလဲမထည့်ပါနဲ့ရှင်"ငိုယိုပီး ကျောင်းအုန်ကြီးအားဒူးထောက်တောင်းပန်လေသည်
" omma ထဗျာ တောင်းပန်စရာမလိုဘူး"
"ဒီကလေးသိပ်ရိုင်းတာပဲ  ကျွန်တော်တို့ဘက်ကတော့ ဆက်မထားနိုင်ဘူး ထောင်ထဲရောက်တာမရောက်တာကတော့park မိသားစုနဲ့ပဲဆိုင်တယ်  ကျေောင်းသားတွေစာသင်ချိန်ပျက်တယ် ကျွန်တော့်ကိုခွင့်ပြုပါဦး"
ပိုက်ဆံဆိုသောအရာ တကယ်ပင်အစွမ်းထက်သည် မိမိတို့အားငွေကြေးမရှိ၍ မတူသလို မတန်သလို ဆက်ဆံနေသော ကျောင်းအုပ်ကြီးအား မြင်ယောင်မိသေးသည် parkမိသားစုဆို ဘယ်လိုတောင်ခယနေမလဲဆိုတာ

Lee Dahaeသူမသားတွေကိုမဆူသလိုရိုက်လဲမရိုက်တော့ပါ
စကားပင်မပြောတော့ အခုကိစ္စတွင်လဲ သေချာသည် သူမသားအမှားဆိုတာ parkမိသားစုကအလွန်သဘောထားပြည့်ဝသည် park မိသားစုရဲ့သားလေးကိုလည်း မြင်ဖူးပါသည် လူဆိုး တစ်ယောက်မဟုတ်တာသေချာသည်  အခုလဲoh sehunဘာကြောင့်လုပ်လဲ သူမသားနှစ်ယောက်စကားများတွင် အသေအချာသိလိုက်သည်
"ညီကလည်း ဘာလို့လုပ်ရတာလဲ"
"hyungက အဲ့ကောင်ကြောင့်ကျောင်းပြောင်းသွားရတာ မကျေနပ်ပါဘူး"
"hyungကြောင့်ပေါ့  ဟား..ဟား.ငါ့ညီက တော်တယ်ကွာ hyungက အပြတ်ကိုရှင်းပစ်ချင်တာ"
ဟိုတစ်လောက park chan yeolဆိုသော ကောင်လေး အား sejinမှရန်သွားရှာ၍ ရန်ဖြစ်ရာ ကျောင်းအုပ်ကြီးက မိမိသားကိုကျောင်းထုတ်လိုက်သည်  ကိုယ့်သားတွေကိုဘယ်ထဲက မကြည်လဲမသိ ထုတ်ချင်စရာပါပဲ ရန်ပွဲတိုင်းမှာ oh sejin,oh sehunကပါနေကြပဲလေ
အဖေမရှိ၍ သားတွေကိုမျက်နှာမငယ်အောင် လူတန်းစေ့နေနိုင်အောင် ငွေရှာနေရ၍သားတွေကိုဆုံးမခွင့်မရခဲ့ အခုတော့ ငါးနှစ်သာကွာသောညီအကိုနှစ်ယောက်မှာ ကျောချင်းကပ်၍သိပ်ချစ်နေကြသည်
သူတို့နဲ့တော့ ရှေ့ရေးတွေးပူမိသည်
အခု sehunကကျောင်းထုတ်ခံလိုက်ရပီ တခြားကျောင်းတွေကလဲလက်မခံတော့ပေ လက်နှက်ကိုင်ဆောင်မှု့ကြောင့်တရားဆွဲမခံရတာပင်ကျေးဇူးတင်ရမည်

He (သူ)Where stories live. Discover now