08

344 40 0
                                    

Jimin's pov

ဒီနေ့ Hoseokက ကလေးလူနာဆောင်ဘက် ကျွန်တော့်ကိုခေါ်သွားလေသည် တကယ်တော့ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးမယ်ဆိုပြီး သူကပြောခဲ့လေသည် ကျွန်တော်ကတော့ ကလေးတွေနဲ့သိပ်အနေမနီးပေ ကျွန်တော်နဲ့Hoseok တံခါးတစ်ခုရှေ့လိုက်လေသည် အထဲမှာကလေးတွေကစားနေတဲ့ အသံကိုကြားနေရလေသည် ဆေးရုံက ကလေးလူနာတွေအတွက် ကစားတဲ့အခန်းကို သပ်သပ်လုပ်ပေးထားလေသည် အခန်းထဲမှာတေည့ cartoonကြည့်ဖို့အတွက် TV နဲ့ အရုပ်တွေရှိလေသည်

''တကယ်ပျော်ဖို့ကောင်းမှာသိလား Jiminie''
Hoseokက ကျွန်တော့်ကို ပြုံးရင်ပြောလေသည်

Hoseokက တံခါးကိုချက်ချင်းဖွင့်လိုက်တော့ တချို့ကလေးတွေက TVကြည့်နေကြပြီး သူတို့ရဲ့ရှေ့မှာတော့ သူတို့မကစားရသေးတဲ့ အရုပ်တွေပုံနေလေသည် တံခါးဖွင့်သံကြားတော့ ကလေးတွေအကုန် တံခါးဘက်အကြည့်ရောက်သွားကြပြီး ကလေးတွေမျက်နှာက ချက်ချင်းဆိုသလို ပြုံးလာကြလေသည်

''Hoseok oppa''

ကလေးမလးတစ်ယောက်က Hoseokဆီကိုပြေးလာလေသည် ကျွန်တော်အခန်းကို ဝေ့ကြည့်လိုက်ရုံပဲရှိပြီး Hoseokကိုကြည့်လိုက်တော့ သူကကလေးတွေနဲ့ထိုင်ပြီးဆော့တောင်ဆော့နေပြီလေ ကျွန်တော်လဲအနေခက်တာကြောင့် ထောင့်တစ်နေရာမှာ ရပ်နေမိလေသည်

''Hyung သူကဘယ်သူလဲ''

ကောင်လေးတစ်ယောက်က ကျွန်တော့်ကိုလက်ညိုးထိုးကာမေးလိုက်လေသည်

Hoseokကကျွန်တော့်ကို ကြည့်ကာပြုံးလိုက်ပြီး

''အဲ့တာ Hyungရဲ့သူငယ်ချင်းလေ သူကအရမ်းခင်ဖို့ကောင်းတာ''

ကျွန်တော် Hoseokကိုကြည့်ပြီး ပြုံးလိုက်လေသည် ခဏကြာတော့ ကျွန်တော့်ရဲ့ အင်္ကျီလက်အနားကို လာဆွဲတဲ့ ၆နှစ်အရွယ်သာ ရှိသေးတဲ့ကလေးမလေးတစ်ယောက် ကျွန်တော့်လက်ကိုဆွဲပြီး ကျွန်တော့်ကိုကြည့်နေတာလေသည်
နောက်တော့ အဲ့ကလေးမလေးက

''သမီးနဲ့ဆော့မယ်လေ ရပ်နေတဲ့oppa''

ကလေးမလေးခေါ်လိုက်တဲ့ နာမည်ကြောင့် အသံထွက်အောင် ရယ်လိုက်မိသည် နောက်တော့မှ ကိုယ့်ပါးစပ်ကိုယ်ပြန်ပိတ်မိလေသည် ကိုယ့်ကို ကိုယ်တောင် အံ့သြမိလေသည် စကားမပြောတာကြာပြီ ဖြစ်တာကြောင့် အခုလို ရယ်ပြီးအသံထွက်တော့
ကျွန်တော်လဲ ကလေးမလေးခေါ်တဲ့နောက်ကို လိုက်သွားပြီး ကလေးမလေးနဲ့ ဆော့ပေးနေမိသည်

Jimin' pov end

Jiminရယ်သံကို Hoseokကကြားလိုက်သည်ကို Jiminမသိလိုက် Hoseokတစ်ယောက် Jimin အသံကို အခုမှ ပထမဦးဆုံးစကြားတော့ သူ့ရင်တွေတောင်ခုန်သွားလေသည်

ဒါဟာ Jiminရဲ့ ပထမဆုံး ရယ်ခြင်းပဲ

tbc
Thank you for reading
#YM

Sick(✅✅)Where stories live. Discover now